Main menu

Background

အမေရိကန်နိုင်ငံသားအဖြစ်စွန်လွှွှတ်မဲ့ အမေရိကန်လူချမ်းသာတွေ တန်းစီ

Thu, 05/24/2012 - 06:26 -- Anonymous (not verified)

    အမေရိကန်နိုင်ငံသားအဖြစ်က စွန့်လွှတ်ကြတဲ့ အမေရိကန် လူချမ်းသာ အရေအတွက် လွန်ခဲ့တဲ့ လေးနှစ် နောက်ပိုင်း ခုနှစ်ဆအထိ မြင့်တက်ခဲ့ပါ တယ်။ ယခင် ၂၀၁၀ ပြည့်နှစ်က အမေရိကန်သံရုံးတွေမှာ  နိုင်ငံသား လက်မှတ်တွေ ပြန်အပ် သူ  ရွှေ့ပြောင်း နိုင်ငံသား ၁၇၈၀ ဦး ရှိပါတယ်။ ၂၀၀၈ ခုနှစ်ကထက် ၂၃၅ ဦးပိုလာကြောင်း ဂျနီဗာရှိ ပင်လယ်ရပ်ခြား အမေရိကန် အကယ်ဒမီရဲ့ အတွင်းရေးမှူး အင်ဒီ ဆန်းဘတ်က ပြောပါတယ်။ဆွီဒင် မြို့တော် ဘန်းမှာ သူတို့နိုင်ငံကူး လက် မှတ်တွေ ပြန်လည်အပ်နှံဖို့ အမေရိကန် တွေ တန်းစီရှိနေတဲ့အတွက် ဝန်ထမ်း များကို ပြန်လည်ထားရှိပေးရပါတယ်။    မည်သည့်နေရာတွင် နေထိုင် သည် ဖြစ်စေ သူရဲ့ နိုင်ငံသားတွေကို  အခွန်ကောက်တာ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ဝင်နိုင်ငံ တွေထဲမှာ အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံပဲရှိပါတယ်။အစိုးရက ဘတ် ဂျက်လိုငွေပြနေတာကို ထိန်းချုပ်ဖို့ ကြိုး စားနေတဲ့အတွက်ဆွစ်ဇာလန်အပါအဝင် ပင်လယ်ရပ်ခြားရှိ စင်တာတွေမှာ အခွန် လိမ်လည်မှုတွေကို ရှာဖွေဖော် ထုတ် နေပါတယ်။ ဆွစ်ဇာလန်နှင့် ဂျာမန် ဘဏ်တွေက ငြင်းပယ်တာခံရမှုနဲ့ Foreign Account Tax Compliance Act  အရ ပိုင်ဆိုင်မှုထုတ်ဖော်ရေး နည်းပဒေတွေ တင်းကျပ်လာမှု အမေ ရိကန် နိုင်ငံကူးလက်မှတ်ကိုင်ပြီး ပင် လယ်ရပ်ခြားမှာ နေသူတွေက ကုန်ကျ စရိတ်ကို ပြန်လည် တွက်ဆလာရပါ တယ်။ ပင်လယ်ရပ်ခြား အခွန်တိမ်း ရှောင်မှုကို စုံစမ်းဖော်ထုတ်ရာမှာ ကူညီ ဖို့ အမေရိကန်ပြည်ထောင်စုက ဆွစ် ဘဏ္ဍာရေးလုပ်ငန်း ၁၁ ခုကို ချဉ်းကပ် လာတဲ့အတွက် အမေရိကန်နိုင်ငံသား အဖြစ် စွန့်လွှတ်မှုက ဆွစ်ဇာလန်မှာ ပိုများလာပါတယ်။ှSource.bloomberg.com