Main menu

Background

ဘဏ်စည်းမျဉ်းဥပဒေသစ်ကို ဥရောပသမဂ္ဂဘဏ္ဍာရေး ဝန်ကြီးများသဘောတူ

Thu, 05/24/2012 - 06:28 -- Anonymous (not verified)

    ကယ်တင်မှု ချေးငွေအဆမတန်ပေးရတဲ့ အဖြစ်မျိုးမှ အခွန်ထမ်းတို့ကို ကာကွယ်မဲ့ရည်မှန်းချက်ထားပြီး ဘဏ်တွေက အနာဂတ် ဘဏ္ဍာရေးအကျပ် အတည်းကိုအကောင်းဆုံးကာကွယ်ထားနိုင်ရမဲ့စည်းမျဉ်းဥပဒေတွေကို ဥရောပ သမဂ္ဂ ဘဏ္ဍာရေးဝန်ကြီးတွေက သဘောတူခဲ့ကြပါတယ်။    ငွေထုတ်ချေးနေတဲ့ဘဏ်တွေက ရှယ်ယာနဲ့ ငွေသားအရန်လို မတည် ငွေရင်းတွေကို ၂၀၁၅ ခုနှစ်နောက်ပိုင်းကစပြီး အန္တရာယ်များတဲ့ အက်ဆက် တွေရဲ့ ၂ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအထိ စည်းမျဉ်းဥပဒေသစ်အရ တိုးမြှင့်သွားဖို့ လိုပါတယ်။ အားလုံးသဘောတူလက်ခံနိုင်အောင် စာသားတွေ ပြင်ဆင်နိုင်ဖို့အတွက် ယခုအခါ အဆိုပြုချက်ကို ဥရောပပါလီမန် မှာ ဆွေးနွေး ညှိနှိုင်းကြပါမယ်။ နောက်ထပ်ပြိုကွဲလာဦးမဲ့ဘဏ်တွေကို ကယ်တင်ငွေပေးရမဲ့ အဖြစ်မျိုးကနေ သူ့အခွန်ထမ်းတွေကို ကာကွယ်ဖို့ဆန္ဒပြင်းပြနေတဲ့ ဗြိတိန် နိုင်ငံက အဆိုပြုချက်ထဲမှာ ပါတာထက် ပိုပြီးတင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ အမျိုးသား အာဏာပိုင်တွေက ဆောင်ရွက်ဖို့လိုတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီအဆို ပြုချက်ကို နိုင်ငံအတော်များများက ဆန့်ကျင်ခဲ့ပါတယ်။    ''တစ်နိုင်ငံမှာ မတည်ရင်းနှီးငွေလိုအပ်ချက်တိုးလာမယ်ဆိုရင် နောက် တစ်နိုင်ငံအတွက် ချေးငွေရဖို့ လမ်းစ နည်းသွားပါမယ်"လို့  အပြည်ပြည်ဆိုင်ရာ ဈေးကွက်နဲ့ ဝန်ဆောင်မှုကို တာဝန်ယူနေတဲ့ ဥရောပသမဂ္ဂကော်မရှင်နာက မစ်ချယ်ကာနီယာက ပြောပါတယ်။    ငွေကြေးလိုအပ်ချက်ကို နိုင်ငံအားလုံးတန်တူထားပြီး တွက်ချက်ဖို့ ဆန္ဒရှိ နေတဲ့ နိုင်ငံတွေစိုးရိမ်နေတာကတော့ အကယ်၍ငွေကြေးလိုအပ်ချက်တွေက ဗြိတိန်နိုင်ငံမှာမြင့်မားနေရင် ရင်းနှီးမြှုပ်နှံမှုတွေက တခြားဘဏ်တွေ ကို စွန့်ခွာပြီးဗြိတိန်သျှဘဏ်တွေဘက်ပြေးသွားမှာကို ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေက စေ့စပ်ညှိနှိုင်းထားတဲ့ Basel III     လို့ခေါ်တဲ့ အပြည် ပြည်ဆိုင်ရာ သဘောတူညီချက်ကိုရပြီးချိန်မှာ ဒီစည်းမျဉ်း တွေကို အဆိုပြုခဲ့ တာ ဖြစ်ပါတယ်။ Basel III   ကို အကောင်အထည်ဖော်ဖို့အတွက် ဂျီ-၂၀ နိုင်ငံတွေက သဘောတူထားပြီးဖြစ်ပါတယ်။ အကယ်၍ ဥရောပသမဂ္ဂ က အောင်အောင်မြင်မြင်အကောင်အထည်ဖော်နိုင်ရင် စည်းမျဉ်းသစ်တွေကို ပထမဆုံးချမှတ်နိုင်တဲ့ အဖွဲ့အစည်းဖြစ် ပါမယ်။                          Source.AFP