Main menu

Background

ဗီယက်နမ် မိုဘိုင်းဖုန်းနဲ့ အပိုပစ္စည်းများတင်ပို့မှု မြင့်တက်

Thu, 05/24/2012 - 06:29 -- Anonymous (not verified)

    ယခုနှစ် ပထမလေးလမှာ ဗီယက် နမ်ရဲ့ မိုဘိုင်းဖုန်းနဲ့ အပိုပစ္စည်းတွေရဲ့ တင်ပို့မှုတန်ဖိုးက ဒေါ်လာ ၃ ဘီလီယံ ဖိုးရှိတဲ့အတွက် နှစ်အလိုက်တိုးတက်နှုန်း ၁၆ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ချည်မျှင် အထည်ချုပ်လုပ်ငန်းပြီးရင် ဒုတိယ နေ ရာကို ရောက်ရှိနေပါတယ်။ ပို့ကုန် တန်ဖိုးအရ ဗီယက်နမ်ရဲ့ ထိပ်တန်း ၁၀ ခုထဲမှာ ပါဝင်နေပါတယ်။ မိုဘိုင်းဖုန်းနဲ့ အပိုပစ္စည်းတင်ပို့မှုက ယခင်ကတစ်လ ကို ဒေါ်လာသန်း ၃၀၀ နဲ့ ၄၀၀ အကြား ရှိခဲ့ပါတယ်။ ဒါပေမဲ့ ယခင်နှစ် ဇူလိုင်ကစပြီး တစ်လကို ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံထိ မြင့်တက်ခဲ့ပြီး၊ လွန်ခဲ့တဲ့ စက်တင်ဘာ နောက်ပိုင်းမှာ ပို့ကုန်တန်ဖိုးအရ ဒုတိယနေရာကို ရောက်ရှိခဲ့ပါတယ်။    ကွန်ပျူတာများ၊ အီလက်ထရွန်း နစ်ပစ္စည်းများနဲ့ အပိုပစ္စည်းတွေ ပြည်ပ တင်ပို့မှုက ဇန်နဝါရီ ၁ ရက်က ဧပြီ ၁၅ ရက်အထိ ဒေါ်လာ ၁ ဒသမ ၈ သန်းဖိုးရှိခဲ့တဲ့အတွက် ယခင်နှစ်အလား တူ ကာလနဲ့ နှိုင်းယှဉ်ရင် ၇၉ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ယခု ကဲ့သို့ စံချိန်တင် တိုးတက်ခဲ့တာက တောင်ကိုရီးယား ကုမ္ပဏီ ဆမ်ဆောင်း ရဲ့ ဗီယက်နမ်ဌာနခွဲက ၂၀၁၁ ခုနှစ်မှာ မိုဘိုင်းဖုန်းတင်ပို့မှုရဲ့ ၇၀ ရာခိုင်နှုန်း ကျော်ကို တင်ပို့ခဲ့ပြီး ဒေါ်လာ ၆ ဘီလီယံဖိုး တင်ပို့ခဲ့လို့ ဖြစ်ပါတယ်။ ယခုနှစ်မှာ တစ်လကိုဒေါ်လာ ၁ ဘီလီ ယံဖိုးအထိ တင်ပို့နေပါတယ်။ ယခု တိုး တက်နှုန်း အတိုင်းသွားရင် ဆမ်ဆောင်း ဗီယက်နမ် ပို့ကုန်တန်ဖိုးက ယခုနှစ်မှာ ဒေါ်လာ ၁၁ ဘီလီယံနဲ့ ၁၂ ဘီလီယံ ထိရှိနိုင်တယ်လို့ စက်မှုနဲ့ ကုန်သွယ်ရေး ဒုတိယဝန်ကြီး ငုယင်ဆန်ဂျန်းက ပြော ပါတယ်။ အီလက်ထရွန်းနစ် ကဏ္ဍရဲ့ တင်ပို့မှုက လျင်မြန်စွာ တိုးတက်နေ တယ်လို့ ဗီယက်နမ်  Electronics and  Informatics Corporation  ဥက္ကဋ္ဌ လီငေါ့ဆန်က Saigon Times ကို ပြောပါတယ်။ ဆမ်ဆောင်းက ဗီယက် နမ်ရဲ့ ပို့ကုန်လုပ်ငန်းမှာ အထောက် အကူ  အများကြီးပေးနေတဲ့အတွက် အင်တဲ၊ ကန်နွန်၊ ကွမ်ပါးနဲ့ ဖောက်စကွန် တို့ထက် အားသာချက်တွေ အများကြီး ရရှိထားပါတယ်။    ပြည်တွင်း  စီးပွားရေးလုပ်ငန်း တွေရဲ့ ပို့ကုန်လုပ်ငန်းက တိုးတက်မှု အနည်းငယ် အားပျော့နေပါတယ်။ သူ တို့ အများစုက ဂျပန်၊ တောင်ကိုရီး ယား၊ စင်ကာပူ၊ မလေးရှား၊ တရုတ် (တိုင်ပေ) တခြား အာရှနိုင်ငံတွေမှာ အငှား ယူဆင်တာဖြစ်ပါတယ်။Source.VNS