Main menu

Background

ဂျပန်ရှိ တီဗွီထုတ်လုပ်မှုများကို တိုရှီဘာ ရပ်ဆိုင်း

Thu, 05/24/2012 - 06:30 -- Anonymous (not verified)

    ဈေးနှုန်းတွေကျဆင်းကာ ကမ္ဘာ့ပြိုင်ဆိုင်မှု ပြင်းထန် လာတာနဲ့ ယန်းငွေ တန်ဖိုးမြင့်တက်တာက အီလက် ထရွန်း နစ် ထုတ်လုပ် သူတို့အပေါ် ဖိစီးမှုတွေဖြစ်လာတဲ့အတွက် ပြည်တွင်းက တီဗွီဝယ်လိုအားတွေ ကျဆင်းလာပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံအတွင်းရှိ တိုရှီဘာရဲ့ တယ်လီဗွီးရှင်း ထုတ်လုပ်မှု လုပ်ငန်းများကိုရပ်ဆိုင်းထားကြောင်း တိုရှီဘာက မေ ၁၇ ရက်က ပြောပါတယ်။ တိုရှီဘာက သူရဲ့တီဗွီထုတ်လုပ် မှု စက်ရုံကို နောက်ဆုံးပိတ်ခဲ့တာက မတ်လကုန်က ပိတ်ခဲ့တဲ့ တိုကျိုမြို့အနီး က ဖူကာယာမှာရှိတဲ့ စက်ရုံဖြစ်ပါတယ်။    Regza   တံဆိပ်နဲ့ တယ်လီဗွီးရှင်းတွေထုတ်လုပ်ခဲ့တဲ့ တိုရှီဘာက သူရဲ့ တယ်လီဗီးရှင်းထုတ်လုပ်မှုလုပ်ငန်း အားလုံး ကို တရုတ်၊ အင်ဒိုနီးရှား၊ အီဂျစ်နဲ့ ပိုလန်နိုင်ငံတွေမှာရှိတဲ့ စက်ရုံတွေကို ရွှေ့ပြောင်းခဲ့ပါတယ်။ အဓိက အကြောင်းအရင်း က ပြည်တွင်းဝယ်လိုအားကျဆင်းလို့ ဖြစ်ပါတယ်။    ယန်းတန်ဖိုးမြင့်တက်မှု၊ ကမ္ဘာ့ယှဉ်ပြိုင်မှုစွမ်းအား ပြင်းထန်မှု အထူးသဖြင့် တောင်ကိုရီးယားလုပ်ငန်းများရဲ့ ယှဉ်ပြိုင် မှု ပြင်းထန်တာနဲ့ လက်လီရောင်းဈေးနှုန်းတွေကျဆင်းတာ ကြောင့် ဂျပန်တယ်လီဗွီးရှင်းထုတ်လုပ်မှုတွေ မတ်လမှာ ကုန် ဆုံးမဲ့ ဘဏ္ဍာနှစ်မှာ အရှုံးပေါ်ခဲ့ပါတယ်။ စွမ်းအင်အသုံးပြုမှု သက်သာတဲ့ ပစ္စည်းကိရိယာတွေ ဝယ်ယူလာအောင် အား ပေးတဲ့အနေနဲ့ အစိုးရက ဘဏ္ဍာရေးတွန်းအားပေး အစီ အစဉ်ကိုဆောင်ရွက်စဉ်က ဒီလုပ်ငန်းကဏ္ဍမှာ ယာယီတိုး တက်မှုရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်က ယခုပြီးဆုံးသွားပါ ပြီ။လွန်ခဲ့တဲ့ ဇူလိုင်လကဂျပန်မှာ အင်နာလော့အသံလွှင့် လုပ် ငန်းတွေ ရပ်ဆိုင်းပြီး ဒစ်ဂျစ်တယ်စနစ်ကို ပြောင်းခဲ့ပါတယ်။ ဒါကြောင့်ဒစ်ဂျစ်တယ်စနစ်ကို လက်ခံနိုင်မဲ့တီဗွီတွေကို ဝယ်ယူ ကြတဲ့အတွက် ပြည်တွင်း တယ်လီဗီးရှင်း ဝယ်လိုအားမြင့် တက်ခဲ့ပါတယ်။    ဒီအဖြစ်အပျက်တွေနောက်ပိုင်းမှာ ပြည်တွင်းဝယ်လို အားကျလို့ ထုတ်လုပ်မှုကိုလျှော့ခဲ့ရပါတယ်။ နောက် ဆုံး တော့ ပိတ်လိုက်ရတဲ့အထိဖြစ်ခဲ့ ပါတယ်လို့ တိုရှီဘာပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။    ပြိုင်ဘက်ဟီတာချီကုမ္ပဏီကတော့ ပြည်တွင်းတယ်လီဗွီး ရှင်း ထုတ်လုပ်မှုတွေရပ်ဆိုင်းပြီး အခြေခံ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွေ ပြောင်းလုပ်တော့မယ်လို့ ပြော ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိဘဏ္ဍာရေးနှစ်မှာ အမြတ်များများ ရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ဆိုနီနဲ့ ပင်နာဆိုနစ်ကုမ္ပဏီ တွေကတောင်ကိုရီးယား ပြိုင်ဘက်တွေလက်ထဲ က ဈေးကွက်ေ ဝစုပြန်ရဖို့ မျိုးဆက်သစ်တီဗွီထုတ်နိုင်အောင်ပူးပေါင်းဆောင် ရွက်မယ်လို့ကြေညာထား ပါတယ်။               Source.AFP