ယခုသီတင်းပတ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်စီးပွား ရေးတိုးတက်မှုတွေ အရှိန်သေလာတဲ့ လက္ခဏတွေတွေ့လာရပါတယ်။ ဒါပေမဲ့ ဥရောပရဲ့ငွေချေးငွေအကျပ်အတည်း က ပိုမိုဆိုးဝါးလာလိမ့်မယ်ဆိုတဲ့ စိုးရိမ် မှုက ဒေါ်လာရဲ့ ဝယ်လိုအားကို မြင့် တက်စေခဲ့တဲ့အတွက် အာရှငွေကြေး တွေရဲ့သီတင်းပတ်အလိုက် ကျဆင်းမှု က နိုဝင်ဘာနောက်ပိုင်းအနိမ့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ ယခုသီတင်းပတ် အတွင်းမှာ တောင်ကိုရီးယားနဲ့ တရုတ် (တိုင်ပေ) ရှယ်ယာတွေထဲကနေ ကမ္ဘာ့ ရင်းနှီးမြှုပ်နှံသူတွေက ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံဖိုးအသားတင်ပြန် ထုတ်ယူတာ ကို တွေ့ရပါတယ်။ အာရှနိုင်ငံအများစုက စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ပို့ကုန်အပေါ်မှီခိုရတာ ဖြစ်တဲ့အတွက် အာရှငွေကြေးတွေနဲ့ တန်ဖိုးကနှစ်ဆ နီးပါးကျဆင်းခဲ့ပါတယ်။တရုတ်ယွမ် ကမ္ဘာ့ဈေးကွက်တွေမှာ ဒေါ်လာ တန်ဖိုးမြင့်တက်လာတဲ့အတွက် မေ ၁၇ ရက်က တရုတ်ယွမ်ငွေတန်ဖိုးကျဆင်း ခဲ့တာကိုတွေ့ရပါတယ်။ သူရဲ့ငွေကြေး တန်ဖိုးတည်ငြိမ်ဖို့အတွက် တရုတ်နိုင်ငံ ကအတော်ကြီးထိန်းသိမ်းခဲ့တယ်လို့ အပြည်ပြည် ဆိုင်ရာရှင်းလင်းရေးဘဏ် (BIS) က ပြောပါတယ်။ မေ ၁၈ရက် တွင် တရုတ်နိုင်ငံ ခြားငွေရောင်းဝယ် ရေးဌာနမှာ တရုတ်ယွမ်တန်ဖိုးက သုည ဒသမ ၂၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ် ဒေါ်လာကို ၆ ဒသမ ၃၂၀၉ ယွမ်နှုန်း ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံခြားငွေ လက် ငင်းဈေးကွက်မှာ ယွမ်ငွေတန်ဖိုးကို ဗဟိုဘဏ်က သတ်မှတ်နှုန်းထက် ၁ ရာခိုင်နှုန်း အတက်အကျဖြစ်ဖို့ ခွင်ပြုခဲ့ ပါတယ်။အိန္ဒိယရူပီး စွန့်စားရတဲ့ အခြေအနေတွေကို ရှောင်ရှားလာတဲ့အတွက် အိန္ဒိယရှယ် ယာတန်ဖိုးတွေအများကြီးကျဆင်းခဲ့ပါ တယ်။ ထို့အတူ ယူရိုတန်ဖိုးကလည်း လေးလအတွင်းအနိမ့်ကျဆုံးကိုရောက် ရှိခဲ့တဲ့အတွက် ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရူပီးတန်ဖိုးက တတိယမြောက်နေ့အ ဖြစ်ကျဆင်းခဲ့ပါတယ်။ ရူပီးတန်ဖိုးက မေ ၁၇ ရက်မှာ တစ်ဒေါ်လာကို ၅၄ ဒသမ ၆၀ ရူပီး နှုန်းရှိခဲ့ရာမှ ၁၈ ရက်မှာ ၅၄ ဒသမ ၆၇ ရူပီးနှုန်းအထိ ကျဆင်းခဲ့ ပါတယ်။ဂျပန်ယန်း မေ ၁၈ ရက်က တိုကျိုမှာဒေါ်လာ တန်ဖိုးက တစ်ဒေါ်လာကို ၇၉ ယန်း ခွင်အောက်မှာရှိနေပြီး နယူးယောက်မှာ ၁၇ ရက်ကရှိခဲ့တဲ့ ၇၉ ဒသမ ၁၃ ယန်း နှုန်းထက်အနည်းငယ်မြင့်တက်ခဲ့ပါ တယ်။ ဒေါ်လာ/ယန်းဖလှယ်နှုန်းက မေ ၁ ရက်ညနေ ၅ နာရီမှာ နယူးယောက် တွင် တစ်ဒေါ်လာကို ၇၉ ဒသမ ၂၁ ယန်းနှင့် တိုကျိုတွင် ၈၀ ဒသမ ၃၁ ရှိရာမှ မေ ၁၈ ရက်မနက် ၉ နာရီတွင် တစ်ဒေါ်လာကို ၇၉ ဒသမ ၄၂ ယန်း နှုန်းရှိခဲ့ပါတယ်။မလေးရှားရင်းဂစ် နိုင်ငံရေးမရေရာမှုတွေက ကမ္ဘာ့ စီးပွားရေးဒုက္ခရောက်စေမည့် အကျိုး ဆက်များဖြစ်ပေါ်စေခဲ့ပါတယ်။ ဂရိ နိုင်ငံကယူရိုဇုန်ကို စွန့်ခွါတော့မဲ့အလား အလာတွေအပေါ်စိုးရိမ်မှုကြောင့် မေ ၁၈ ရက်မနက်ပိုင်းဈေးကွက်မှာ ဒေါ် လာနဲ့ဖလှယ်ရာမှာ ရင်းဂစ် တန်ဖိုးကျ ဆင်းခဲ့ပါတယ်။ ပြည်ပဈေးကွက်မှာ ပြုစုထားတဲ့စာရင်းတွေအရ အာရှငွေ ကြေးတွေထဲမှာ ရင်းဂစ်ရဲ့တန်ဖိုးက အများဆုံးကျဆင်းခဲ့ပါတယ်။ ဒေါ်လာ/ ရင်းဂစ်ဖလှယ်နှုန်းက မေ ၁၇ ရက်က တစ်ဒေါ်လာ ၃ ဒသမ ၁၀၈၅ ရှိခဲ့ရာ မှ မေ ၁၈ ရက်မှ ၃ ဒသမ ၁၃၁၀ ရင်းဂစ်နှုန်းရှိပါသည်။တောင်ကိုရီးယားဝမ် ဥရောပကြွေးမြီအကျပ်အတည်း ယိုယွင်းနေတဲ့အပေါ်မှာ စိုးရိမ်မှုတွေ ကြောင့် ဈေးကွက်တည်ငြိမ်ဖို့အတွက် အစိုးရ ကဝင်ရောက်ကိုင်တွယ်ဖြေရှင်း တော့မယ်အရိပ်အယောင်တွေပြလာ တဲ့အတွက် တောင်ကိုရီးယားဝမ်ငွေ ကြေးတန်ဖိုးက ခုနှစ်ရက်အတွင်းပထမ ဆုံးအကြိမ်အဖြစ်မြင့်တက်ခဲ့ ပါတယ်။ ဘလွမ်းဘတ်ကပြုစုထားတဲ့ စား ရင်းများအရနောက်ဆုံးမြောက်အရပ် မှာ ၂ ဒသမ ၆ ရာခိုင်နှုန်းထိကျဆင်း ခဲ့တဲ့ ဝမ်တန်ဖိုးက ဆိုးလ်မြို့မှာ သုည ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီးတစ် ဒေါ်လာကို ၁၁၆၃ ဝမ်နှုန်းရှိခဲ့ပါတယ်။ထိုင်းဘတ် ဥရောပကြွေးမြီအကျပ်အတည်း က ပို့ကုန်အလားအလာများကို မှေးမှိန် စေပြီး ရင်းနှီးမြှုပ်နှံသူတို့က ထွန်းသစ် စဈေးကွက်ထဲ မှာရှိတဲ့ ရရန်ပိုင်ခွင့်ရှိ စာချုပ်စာတမ်းတွေအတွက် ပိုမိုလုံခြုံ စိတ်ချရတာကို ပိုမိုနှစ်သက်မှာရှိစေခဲ့ ပါတယ်။ ဒါကြောင့် ဘတ်ငွေတန်ဖိုးက ဒီဇင်ဘာနောက်ပိုင်းမှာ သီတင်းပတ် အလိုက်တန်ဖိုးက ကျဆင်းမှုအများဆုံး ရှိခဲ့ပါတယ်။ ဘတ်ငွေတန်ဖိုးက ဘန်ကောက် မှာ မေ ၁၇ ရက်မနက် ၈ နာရီ ၃၆ မိနစ်မှာ သီတင်းပတ်အလိုက်ကျဆင်း မှု သုည ဒသမ ၉ ရာခိုင်နှုန်း နဲ့ နေ့ အလိုက်ကျဆင်းမှု သုည ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ပြီး တစ်ဒေါ်လာကို ၃၁ ဒသမ ၄၆ ဘတ်နှုန်း ရှိခဲ့ပါတယ်။Sources.bloomberg.com,bernama. com, minichi Daily
Background