Main menu

Background

အတိုးနှုန်းမြှင့်တင်ဖို့ ထိုင်းနိုင်ငံကို အိုင်အမ်အက်ဖ်အကြံပြု

Thu, 05/24/2012 - 06:35 -- Anonymous (not verified)

    ထိုင်းနိုင်ငံရဲ့ စီးပွားရေး ခိုင်ခိုင်မာမာ ပြန်လည်နာလန် ထူလာတဲ့အခါ အတိုးနှုန်းတွေတိုးမြှင့်ပေးနိုင်အောင်နဲ့ ဘဏ္ဍာ ရေး တွန်းအားပေးအစီအစဉ်တွေ ရပ်ဆိုင်းထားနိုင်အောင် အသင့်ပြင်ဆင်ထားသင့်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေ ကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က ပြောကြားပါတယ်။    "လက်ရှိဆောင်ရွက်နေတဲ့ စီးပွားရေးအတွက် ဘဏ္ဍာ ရေးနဲ့ ငွေကြေးဆိုင်ရာ ဆောင်ရွက်မှုတွေက ကမ္ဘာ့ ဝယ်လို အား ကျဆင်းချိန်နဲ့ ငွေကြေးဖောင်းပွမှုဖိအားပေးမှု သက်သာ နေချိန်နဲ့ သင့်တင့်လျှောက်ပတ်မှုရှိတယ်လို့ ဒါရိုက်တာတွေက သဘော တူကြပါတယ်" လို့  ဧပြီ ၂၇ ရက်က ပြုလုပ်တဲ့ ထိုင်း နိုင်ငံဆိုင်ရာ အစည်းအဝေးအပြီး မေ ၁၁ ရက်က ပေးပို့တဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။    "စီးပွားရေးပြန်လည်နာလန်ထူလာတဲ့အခါ အာဏာပိုင် တွေက အထောက်အကူပေးတဲ့ မူဝါဒတွေကို အဆုံးသတ်ပြီး နိမ့်ကျတဲ့ ငွေဖောင်းပွမှုနှုန်းနဲ့ ဘဏ္ဍာရေးရေရှည်တည်တံ့မှုနဲ့ ညီညွတ်တဲ့ကာလလတ် ငွေကြေး စုစည်းမှုလမ်းကြောင်းကို လိုက်နာဆောင်ရွက်သင့်တယ်"လို့ ပြောပါတယ်။    ပြီးခဲ့တဲ့ဘုတ်အဖွဲ့အစည်းနှစ်ခုမှာ ဗဟိုဘဏ်က လွန်ခဲ့တဲ့ စတုတ္ထသုံးလပတ်ကာလအတွင်းက ရေလွှမ်းမိုး  မှုဖြစ်ပွားပြီး စက်ရုံတွေ ရေနစ်မြုပ်ခဲ့ရာမှ စီးပွားရေးပြန်လည် နာလန် ထူလာအောင် ဆောင်ရွက်ရာမှာ အထောက်အ ကူဖြစ်ဖို့ ချေးငွေကုန်ကျ စရိတ်ကို ပြန်လည်လျှော့ချဖို့ အစိုးရရဲ့တောင်းဆိုမှု ကို ဆန့်ကျင်ပြီး ဘဏ်ရဲ့အခြေခံ အတိုးနှုန်းကို မပြောင်းလဲဘဲ ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ ဧပြီငွေကြေးဖောင်းပွမှု နှုန်းက နှစ်နှစ်အတွင်း အနိမ့်ကျဆုံးဖြစ်ခဲ့ေ ပမဲ့ မြင့်တက်နေတဲ့ လုပ်ခနဲ့ ရေနံဈေးနှုန်းတွေက ဈေးနှုန်းပြန်တက်လာအောင် ဖန်တီးလျက် ရှိနေပါတယ်။    ထိုင်းနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းက ၂၀၁၁ ခုနှစ်မှာ သုည ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်မှာ ၅ ဒသမ ၅ ရာခိုင်နှုန်းရှိမယ်လို့ အိုင်အမ်အက်ဖ်က ခန့်မှန်းထားပါတယ်။Source .bangkokpost.com