Main menu

Background

စီးပွားရေး အားနည်းလာတာကြောင့် တရုတ်နိုင်ငံရဲ့ ငွေကြေးမူဝါဒကို လျှော့ချ

Thu, 05/24/2012 - 06:36 -- Anonymous (not verified)

    တရုတ်နိုင်ငံရဲ့ ဧပြီလအတွက် စီးပွားရေးအညွှန်းကိန်းတွေကို မေ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ ထုတ်ပြန်ခဲ့ရာ စီးပွားရေးပညာရှင်တို့ ခန့်မှန်းထားတာထက် ပိုမို ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် စီးပွားရေး ကိုတွန်းအားပေးနိုင်အောင် ကြိုးပမ်းတဲ့အနေ နဲ့ ငွေကြေးမူဝါဒတွေကို လျှော့ချပေးမှာဖြစ်ကြောင်း တရုတ် ဗဟိုဘဏ်က မေ ၁၂ ရက်က ကြေညာပါတယ်။ တရုတ်ဗဟိုဘဏ် က ငွေကြေး အပ်နှံတဲ့ဘဏ်တွေက အရန်ထားရှိရမဲ့ခွဲတမ်းကို သုည ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချပေး မှာ ဖြစ်ကြောင်း၊ ပြဌာန်းချက်များမှာ မေ ၁၈ ရက်မှစတင်၍ အကျိုး သက်ရောက်မှာဖြစ်ကြောင်း ဗဟိုဘဏ်ရဲ့ဝက်ဘ်ဆိုက် မှာ ဖော်ပြ ထားပါတယ်။ အရန် ငွေကြေးအချိုးအစားကို လျှော့ချခြင်းမှာ ဘဏ်တွေက ထုတ်ချေးနိုင်မဲ့ ငွေသား ပိုမို ရလာနိုင်မဲ့ သဘောဖြစ်ပါတယ်။    သွင်းကုန်ဖွံ့ဖြိုးမှုက ယခင်နှစ်အလားတူကာလနဲ့နှိုင်းယှဉ်ရင် ဧပြီလမှာ တန့် နေကြောင်း တရုတ်နိုင်ငံရဲ့ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးဌာနက မေ ၁၀ ရက်ကပြောပါတယ်။ ဒီအခြေအနေက ပြည်ပမှတင်သွင်း တဲ့ ကုန်ကြမ်းတွေ အထူး သဖြင့် ပြည်ပကတင်သွင်းတဲ့ ကွန်ပျူတာချစ်ပ်တွေ၊ ခက်ခဲရှုပ်ထွေးတဲ့ စက်ရုံ သုံးကိရိယာတွေနဲ့ စက်မှုဖွံ့ဖြိုးရေးမှာသုံးတဲ့ တခြားအဆင့်မြင့်ထုတ်ကုန်တွေအပေါ် အကြီးအကျယ်မှီခိုနေရတဲ့ မျှော်လင့်မထားတဲ့ တိုးတက်မှု ဖြစ်ပါတယ်။    တရုတ်ပို့ကုန်တွေက ဧပြီလမှာ မျှော်မှန်းထားတာရဲ့ ထက်ဝက်တိုးတက်ခဲ့ပါ တယ်။ ဧပြီလမှာ စက်မှု ကုန်ထုတ်လုပ်မှု၊ ပုံသေပိုင်ရင်းနှီးမြှုပ်နှံမှုနဲ့ လက်လီရောင်း ချမှုဆိုတဲ့ ကိစ္စရပ်အားလုံးမှာ မျှော်မှန်းထားတာထက် ပိုပြီးတိုးတက်မှုနှေးကွေးခဲ့ပါ တယ်။ ဘဏ်ထုတ်ချေးငွေတွေကလည်း ဖွံ့ဖြိုးမှုအားနည်းနေတာကို ပြည်သူ့ဘဏ်မှ သီးခြားထုတ်ပြန်တဲ့စာရင်းဇယားတွေအရ သိရပါတယ်။ ခြောက်လအတွင်း တတိယအကြိမ်မြောက် အရန်ငွေ အချိုးအစားကို လျှောချခဲ့တာပါ။ ဘဏ်တွေက ထိန်းသိမ်းထားရမဲ့ အရန်ငွေကြေးအချိုးအစားက ၂၀ ဒသမ ၅ ရာခိုင်နှုန်း အစား ၂၀ ရာခိုင်နှုန်းထိထားဖို့ လိုတယ်ဆိုတာကို ပြသနေပါတယ်။ အသေးစားနဲ့ အလတ် စား ဘဏ်လုပ်ငန်းတွေက မေ ၁၈ ရက်ကစပြီး အရန်ငွေအချိုးအစား ၁၆ ဒသမ ၅ ရာခိုင်နှုန်းထားရမှာ ဖြစ်ပါတယ်။                           Source.newyorktimes.com