Main menu

Background

အမေရိကန်ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့မှုများ လျှော့ချ

Thu, 05/24/2012 - 06:38 -- Anonymous (not verified)

    ဖြစ်တည်စပြုလာပြီဖြစ်တဲ့ နိုင်ငံရေးပြုပြင် ပြောင်း လဲမှုများကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုများပိတ်ဆို့ထားခြင်းကို အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မေ ၁၇ ရက်က လျှော့ချပေးလိုက် ပြီး အနှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် သံအမတ်တစ်ဦးကို ခန့်အပ်ခဲ့ပါတယ်။     "ဘဏ္ဍာရေး ကဏ္ဍရင်းနှီးမြှုပ်နှံမှုအချို့နဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း တွေလုပ်ကိုင်ဖို့ ကျွန်တော်တို့လိုင်စင်တွေ ခွင့်ပြုသွားမှာပါ" လို့ အမေရိကန်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။    ယခုဆုံးဖြတ်ချက်က အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံတို့ အချင်းချင်းကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု တွေကို လမ်းဖွင့်ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံရမဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးအမေရိကန် အစိုးရက အကြံပေးသွား မှာဖြစ်သလို စစ်ရေးနဲ့ပတ်သက် တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိတ်ပင်ထားတာကိုတော့ ဆက်လက် ထားရှိသွားမှာ ဖြစ်ပါတယ်။    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူ ဒဲရစ် မစ်ချယ်ကို အိုဘားမားက သံအမတ်အဖြစ်ရွေးချယ်ထား ပြီး အမေရိကန်အထက်လွှတ်တော်ရဲ့  အတည်ပြုချက်ကို စောင့်နေပါတယ်။    ကြီးထွားစပြုနေပြီဖြစ်တဲ့ မြန်မာနိုင်ငံဈေးကွက်ကို အာရှနဲ့ဥရောပမှာပြိုင်ဖက်တွေ ဆုပ်ကိုင်သွားမည်ကို စိုးရိမ် မှုကြောင့် အမေရိကန်ကုမ္ပဏီများက  မြန်မာနိုင်ငံအတွင်း သို့ ဝင်ရောက်ရန် ဆန္ဒပြင်းပြနေပါတယ်။  Source.AFP