Main menu

Background

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အမေရိကန်တို့ကို တိုက်တွန်း

Thu, 05/24/2012 - 06:39 -- Anonymous (not verified)

    မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က အမေရိကန်နိုင်ငံသားတွေကို မေ ၁၇ ရက်က တိုက်တွန်းလိုက်ပါတယ်။ နှစ်နိုင်ငံ အချင်းချင်း ဆက်ဆံရေး နွေးထွေးမှု ဆက်လက်တည်ရှိစေဖို့အတွက် ဒဲရစ်မစ်ချယ် ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီမြှုပ်နှံခြင်းဖြင့် ကမ္ဘာ့စီးပွားရေးလောက အတွင်းသို့ မြန်မာနိုင်ငံကို ဆောင်ကျဉ်းပေး နိုင်ပြီး ကျယ်ကျယ်ပြန့်ပြန့် အခြေခံရှိတဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို တိုးမြှင့်ပေးနိုင်လိမ့်မယ်၊ ဆက်လက်ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အထောက်အပံ့ဖြစ်စေလိမ့်မယ် လို့ မြန်မာနိုင်ငံခြားေ ရးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နဲ့ တွေ့ဆုံဆွေးနွေး ပြီးနောက် ကလင်တန်ကပြောပါ တယ်။    မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ မစ်ချယ်ကို သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းဖြင့် အနှစ်နှစ်ဆယ်ကျော်ကြာ ပြတ်တောက်ခဲ့တဲ့ သံတမန်ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းမည်ကို ညွှန်ပြလျက်ရှိပါတယ်။    အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကို ရပ်ဆိုင်းလိုက်ခြင်းဖြင့် မြန်မာနိုင်ငံဈေးကွက် အတွင်းသို့ စီးပွားရေးလုပ်ငန်းေ ဆာင်ရွက်ရန် စောင့်ဆိုင်းနေသော အမေရိကန်စီးပွား ရေးလုပ်ငန်းတို့အားလမ်းဖွင့်ပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။ အမေရိကန် စီးပွားရေးလုပ်ငန်း များက မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ရောက်နှင့်ပြီးဖြစ်တဲ့ အာရှနဲ့ ဥရောပစီးပွားရေး လုပ်ငန်းများနဲ့ အတူပူးပေါင်းပါဝင်တော့မယ်လို့ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံအတွင်း ရှိ စွမ်းအင်၊ သတ္တုတူးဖော်ရေး နဲ့  ဆောက်လုပ်ရေး လုပ်ငန်းမှစကာ လယ်ယာစိုက်ပျိုး ရေး၊ ဘဏ္ဍာရေးနဲ့ ခရီးသွားလုပ်ငန်းများမှာ ပါဝင်လာလိမ့်မယ်လို့ ကျွမ်းကျင် သူတွေက ခန့်မှန်းထားပါတယ်။    မြန်မာအစိုးရနဲ့ ပူးတွဲပြီး စီးပွားရေးအခြေခံအဆောက်အအုံ တည်ဆောက်ရေး အပြင် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စွမ်းအင် ကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်မယ်လို့ ဂျင်နရယ်အီလက်ထရစ်ကုမ္ပဏီ (GE) က မေ ၁၈ ရက်ကပြောပါတယ်။ မြန်မာနိုင်ငံ က ကြေညာချက်ကို ကြိုဆိုခဲ့ပါတယ်။    နိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံငွေတွေ အလုံးအရင်းဖြင့်ဝင်လာမှာကို ကြိုတင်ပြင် ဆင်တဲ့အနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ကို လမ်းချော်မသွားအောင် ငွေလဲ လှယ်နှုန်းကို ပြုပြင်ဖို့နည်းလမ်းတွေရှာသွားမယ် လို့ မြန်မာနိုင်ငံဗဟိုဘဏ်က ပြောပါ တယ်။        Source.af.reuters.com;gantdaily.com