Main menu

Background

အကျပ်အတည်းကို ရင်ဆိုင်နိုင်ရန် အာဆီယံ+၃ ပြင်ဆင်

Thu, 05/24/2012 - 06:41 -- Anonymous (not verified)

    အာရှဒေသရဲ့ အရန်ငွေကြေးစုစည်းမှုကို နှစ်ဆတိုး မြှင့်တင်ထားပါတယ်။ ဒါကြောင့် ယူရိုဇုန်နဲ့ အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေး  အကျပ်အတည်းက ဖြစ်ပေါ် လာမဲ့ ပြည်ပငွေပေးငွေယူပြဿနာများ ကို ဖြေရှင်းရာမှာ နိုင်ငံတော် ချေးငွေအားနည်းနေ တဲ့ အဖွဲ့ဝင်နိုင်ငံတွေ အတွက် လွယ်ကူချောမွေ့မှုရှိစေနိုင်ကြောင်း Moody's  Inverstors  Service    ကပြောပါတယ်။ ချင်းမိုင်အစီ အစဉ် Chaing Mai  Initative  Multilaterlisation  ( CIMM  )  လို့ လူသိများတဲ့ဒီရန်ပုံငွေအဖွဲ့က အခြေခံအား ဖြင့် နိုင်ငံစုံ အပြန်အလှန် ငွေကြေးဖလှယ်မှုစနစ်ဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံစလုံးနဲ့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီး ယား နိုင်ငံတွေ ပါဝင်ပါတယ်။    CIMM ကို ၂၀၁၀ မှာ စတင်တည်ထောင်ခဲ့ပါ တယ်။ ငွေပေးငွေယူရှင်းတမ်းအကျပ်အတည်း သို့မဟုတ် ဈေးကွက်ကိုဝင်ရောက်ချိတ်ဆက်မှု ပျက်ပြားမသွားအောင် အကောင်းဆုံးကြိုတင်ပြင်ဆင်နိုင်အောင် CIMM  ရန်ပုံငွေ ကို ဒေါ်လာဘီလီယံ ၂၄၀ အထိနှစ်ဆတိုး မြှင့် သွားဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်းနဲ့ ဆွေးနွေး ဖက် သုံးနိုင်ငံတို့မှ ဘဏ္ဍာရေးဝန်ကြီးများက ယခုလ စော စောပိုင်းက သဘောတူညီခဲ့ကြပါတယ်။ ယခုအချိန်ထိ CIMM ထဲမှ ယူငင်သုံးစွဲတဲ့အာဆီယံနိုင်ငံတစ်ခုမျှ မရှိ သေးပါ။    CIMM သဘောတူညီချက်အရ ပါဝင်တဲ့နိုင်ငံတိုင်း က ဘုံငွေကြေးရန်ပုံငွေထဲမှာ သူထည့်ထားတာရဲ့ တစ်ဆ နဲ့ ညီမျှတဲ့ပမာဏ အထိ သူတို့နိုင်ငံရဲ့ငွေကြေးကို အမေရိ ကန် ဒေါ်လာနဲ့ ဖလှယ်ခွင့်ရှိပါတယ်။အပြည်ပြည် ဆိုင်ရာ အရန်ငွေကြေးစံချိန် တင်တိုးတက်လာခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံက CIMM  ထဲကို ဒေါ်လာ ၉ ဘီလီယံထည့် ဝင်ထားပြီး တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က  စုစုပေါင်းထည့် ဝင်ငွေရဲ့ ၈၀ ရာခိုင်နှုန်းကို ထည့်ဝင်ထားပါတယ်။Source.malaya.com.ph