Main menu

Background

တစ်ပတ်အတွင်း သတင်းတိုများ

Thu, 05/24/2012 - 06:43 -- Anonymous (not verified)

    ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေရသည့် ရန်ကုန်ယူနိုက်တက် ဂိုးသမား စောအယ်ထူးသည် ယခုအခါဒဏ်ရာမှ သက်သာပျောက်ကင်းလာပြီးအသင်း နှင့်အတူ လေ့ကျင့်ခန်းများ ပြန်လည်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။    ဟံသာဝတီယူနိုက်တက်အသင်းကို သုံးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်အပြီးတွင် မိမိအသင်းအနေဖြင့် တန်းဆင်းဇုန် အတွင်းသို့ရောက်ရှိနေပြီး ရာသီကုန်တွင် တန်းဆင်းရလျှင်လည်း အသင်းကို ဖျက်သိမ်းဖို့အစီအစဉ်မရှိပါဟု ချင်းယူနိုက် တက်အသင်းနည်းပြချုပ် ဦးဆန်းဝင်းက ပြောကြားခဲ့သည်။    မောဝ်ရဝတီအသင်းနှင့်ရတနာပုံအသင်းတို့၏ပွဲစဉ်တွင် မောဝ်ရဝတီအသင်းမှ  ကစားသမား အောင်ဋ္ဌေးဦးမှာ ရတနာပုံအသင်း ၏ကစားသမားတစ်ဦးနှင့် မတော်တဆထိခိုက်မိပြီး ကွင်းအတွင်း၌ငါးမိနစ်မျှသတိလစ်မေ့မျောခဲ့ကြောင်း  သိရသည်။    မောဝ်ရဝတီအသင်းသည် ရန်ကုန်ယူနိုက်တက်အသင်းမှ နောက်ခံလူ ကျော် ကျော်ထွန်းကို အငှားစန စ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီးနောက် ရှေ့တန်းတိုက်စစ်မှူး နှစ်ဦးဖြစ်သည့် နိုင်ဦးလွင်နှင့်ကောင်းစည်သူတို့နှစ်ဦးကို ခေါ်ယူရန် ကြိုးစား ခဲ့သော်လည်း ရန်ကုန်ယူနိုက်တက်အသင်းမှ ပယ်ချခဲ့ကြောင်း သိရသည်။    ဇွဲကပင်အသင်းအား ဂိုးပြတ်အနိုင်ရခဲ့သည့်နေပြည်တော်အသင်းသည် ဆုကြေးကျပ်သိန်း၁၀၀ချီးမြှင့်ခံခဲ့ရပြီး ထိပ်ဆုံးသုံးသင်းစာရင်းဝင်ပါက ဥရောပ သို့ခြေစမ်းခရီးစေလွှတ်မည်ဖြစ်ကြောင်းအသင်းဥက္ကဋ္ဌက ပြောကြားခဲ့သည်။