Main menu

Background

ယခုတစ်ပတ်မှာလည်း မတ်ပဲတင်ပို့မှု ဆက်လက်အားကောင်းနေ

Mon, 05/28/2012 - 08:50 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုက ယခုတစ်ပတ်မှာလည်း ဆက်လက်အားကောင်းနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၂၃၀၀၀ နီးပါးတင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ် (မေလ ၁၄ ရက်မှ ၁၈ ရက်) အတွင်းမှာလည်း တန်ချိန် ၂၂၀၀၀ ကျော် တင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုဘဏ္ဍနှစ် ၂၀၁၂-၂၀၁၃ မေလ ၁၈ ရက်နေ့အထိ မတ်ပဲစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် တစ်သိန်းနီးပါးရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၅၃ သန်းကျော်ရရှိထားကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍနျစ်ကာလတူမှာ တန်ချိန် ၇ သောင်းနီးပါမှ ကန်ဒေါ်လာ ၆၅ သန်းကျော် ရရှိထားလို့ ယခုနှစ်မှာ ပမာဏအားဖြင့် တန် ၃ သောင်းကျော်ပိုမိုတင်ပို့နိုင်ပေမဲ့ ရောင်းဈေးကွာခြားမှုကြောင့် ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၁၂ သန်းကျော်လျော့ကျရရှိကြောင်း သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု ဆက်လက်အားကောင်းဖွယ်ရှိကြောင်း သိရပါတယ်။            MIRT-MAPT