ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် အစပိုင်းမှာ ရောင်းဝယ်မှုပါးခဲ့ပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာ အရောင်းအဝယ်ပြန်ကောင်းလာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရူပီးတန်ဖိုး ဆက်တိုက်ကျဆင်းခဲ့တာကြောင့် ဝယ်လက်များအဝယ်ဆိုင်းခဲ့ပေမဲ့ ဒီရက်ပိုင်း ရူပီး တန်ဖိုးပြန်မာလာခဲ့တဲ့ အတွက်ဈေးကွက်မှာ အဝယ်ပြန်လိုက်လာကြောင်း သိရပါတယ်။ မေလ ၁၈ ရက်မှ ၂၄ ရက်အတွင်း မတ်ပဲ FAQ နဲ့ အခွံချွတ် စုစုပေါင်းတန်ချိန် ၈၃၀၀၀ ခန့် FOB အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင် SQ အရောင်းအဝယ်မရှိကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်အတိုင်းငြိမ်နေခဲ့ပါတယ်။ မေလ ၂၅ ရက်မှာ မတ်ပဲ အသစ် FAQ တစ်တန် ကန်ဒေါ်လာ ၅၀၀-၅၂၀၊ SQ တစ်တန် ကန်ဒေါ်လာ ၅၆၀- ၅၈၀၊ မတ်ပဲအဟောင်း FAQ တစ်တန် ကန်ဒေါ်လာ၄၈၀-၅၀၀ နဲ့ SQ မှာ ကန်ဒေါ်လာ ၅၂၀- ၅၄၀ ရှိကြောင်း သိရပါတယ်။
Background