မုံရွာမြို့နယ်ရဲ့ ပဲစင်းငုံနီစိုက်ချိန်ကာလဟာ နှစ်စဉ်ကဆုန်လပြည့်ဝန်းကျင်မှာ အများစု စိုက်ပျိူးနိုင်ပြီးဖြစ်ပေမယ့် ဒီနှစ်မှာတော့ တစ်နယ်လုံး မိုးခေါင်ခဲ့လို့ အခုထိ မြေပြုပြင်မှုတောင် မလုပ်နိုင်ကြသေးဘူးလို့ တောင်သူတွေက ဆိုပါတယ်။ မနှစ်က ပဲပေါ်ချိန်ကစပြီး ယနေ့ထိ ပဲစင်းငုံနီဈေး နိမ့်ကျနေပေမယ့်လည်း ဒေသခံတောင်သူတွေ အနေနဲ့ မြေအခြေအနေအရ ပဲစင်းငုံနဲ့သာ သင့်တဲ့အတွက်ရယ်၊ စိုက်ရက်ကြာပေမယ့် ရာသီဥတုဒဏ်အကြမ်းခံတဲ့အတွက် လယ်စိုက်ပျိုးစရိတ်နဲ့ ပြုစုယုယပံ့ပိုးမှု သက်သာတဲ့အတွက် ရယ်ကြောင့် စိုက်ဧကတွေသိသိသာသာလျော့ကျမသွားနိုင်ဘူးလို့ တောင်သူတချို့က ပြောပါတယ်။ အခုလို စိုက်ရက်နောက်ကျတဲ့အတွက် သက်တမ်းအနုဆုံး ငုံနီမျိူးတောင်မှ ၇ လကြာမှ ခူးဆွတ်နိုင်တာမို့ အစောဆုံးထွက်မယ့်အချိန်ဟာ ၂၀၁၃ ဇန်နဝါရီလကုန်ဖြပြီး ဒီထက်နောက်ကျမှသာ အထွက်လှိုင်လာနိုင်တယ်လို့ လေ့လာသိရှိရပါတယ်။ထွန်းလှိုင်
Background