Main menu

Background

ရန်ကုန် FOB ပဲစင်းငုံ အရောင်းအဝယ် သီတင်းပတ်အစပိုင်းမှာနည်းနေ

Mon, 05/28/2012 - 08:54 -- Anonymous (not verified)

        ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ်လည်း ပဲစင်းငုံ အရောင်းအဝယ်ပမာဏ နည်းနေဆဲဖြစ်ပါတယ်။ အိန္ဒိယ ဝယ်လက်များ အဝယ်ထိုင်းတဲ့အတွက် မေလ ၁၈ ရက်မှ ၂၄ ရက်အတွင်း ပဲစင်းငုံ တန်ချိန် ၆၅၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ယခုတစ်ပတ်နှောင်းပိုင်းမှာတော့ တစ်ရက်ထက်တစ်ရက် အရောင်းအဝယ်သွက်လာခဲ့ တယ်လို့ သိရပါတယ်။ အိန္ဒိယပြည်တွင်းမှာ ပဲဝယ်ယူဖြန့်ဝေရေးအဖွဲ့များက ပဲစင်းငုံဝယ်ယူဖို့ တင်ဒါများခေါ်ယူထားတဲ့အတွက် အိန္ဒိယဝယ်လက် များ အဝယ်ပြန်လိုက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။    ရန်ကုန် FOB ဈေးအနေနဲ့ မေလ ၂၅ ရက်မှ ငုံနီအသစ် တစ်တန် ကန်ဒေါ်လာ ၅၆၀-၅၈၀၊ ဖြူနီ နဲ့ အဖြူ အသစ် တစ်တန် ကန်ဒေါ်လာ ၄၇၀-၄၉၀၊ ပဲစင်းငုံနီ အဟောင်း အနေနဲ့ ငုံနီမှာ ကန်ဒေါ်လာ ၅၃၀- ၅၅၀ နဲ့ ယခင်တစ်ပတ်အတိုင်း ငြိမ်နေပြီး ဖြူနီနဲ့ အဖြူအဟောင်းမှာ ယခင်တစ်ပတ်က ကန်ဒေါ်လာ ၄၃၀-၄၅၀ ရှိရာမှ မေလ ၂၅ ရက်မှာ ကန်ဒေါ်လာ ၄၁၀-၄၃၀ ကို ကျဆင်းခဲ့ကြောင်း သိရပါတယ်။    MIRT-MAPT