Main menu

Background

မြန်မာ့ ပဲစင်းငုံများ အာဖရိကပဲကို ခက်ခဲစွာယှဉ်ပြိုင်လာရ

Mon, 05/28/2012 - 08:55 -- Anonymous (not verified)

    ကနေဒါပြီးရင် ကမ္ဘာမှာ ပဲအများဆုံး တင်ပို့သူဖြစ်တဲ့ မြန်မာနိုင်ငံဟာ အိန္ဒိယ ကို ပဲတင်ပို့ရာမှာ အာဖရိက နိုင်ငံတွေဖြစ်တဲ့ မိုးဇမ်းဘစ်၊ မာလာဝီ၊ တန်ဇန်းနီးယား တို့ရဲ့ပဲများကို ခက်ခဲစွာယှဉ်ပြိုင်နေရပါတယ်။ အာဖရိက တောင်သူများဟာ အိန္ဒိယ ကို ရောင်းချနိုင်ဖို့ ပဲမျိုးစုံ စတင်စိုက်ပျိုးလာနေပြီဖြစ်ပါတယ်။    အစောပိုင်းက အာဖရိကနိုင်ငံများဟာ တစ်နှစ်ကို ပဲစုစုပေါင်း တန် ၅၀၀၀ ဝန်းကျင်သာ တင်ပို့ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာတော့ တစ်နှစ်ကို ပဲတန်ချိန် ၂ သိန်းခန့်အထိတိုးတက်ခဲ့ရာ မြန်မာနိုင်ငံရဲ့ ပဲစင်းငုံ ထုတ်လုပ်မှု နီးပါးခန့် အထိရှိလာခဲ့ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာပဲစင်းငုံနဲ့ ကုလားပဲ ထုတ်လုပ်မှုက ရာသီဥတုဆိုးဝါးခြင်းနဲ့ ဈေးနှုန်းကျဆင်းခြင်းအတွက် ယခင်နှစ်များက တန် ၄ သိန်းခန့်ရှိခဲ့ရာမှ တန်ချိန် ၂၅၀၀၀၀ ကို ကျဆင်းခဲ့ပါတယ်။    ၂၀၁၁ ဒီဇင်ဘာလ ၁၅ ရက်မှ ၂၀၁၂ မတ်လ ၁၅ ရက်အထိ အိန္ဒိယကို မြန်မာပဲစင်းငုံ FOB တစ်တန် ကန်ဒေါ်လာ ၆၀၅-၆၁၀ ဈေးနဲ့ တန်ချိန် ၁၃၀၀၀၀ ခန့် တင်ပို့ခဲ့ကြောင်း အိန္ဒိယဝက်ဘ်ဆိုဒ်မှ ဖော်ပြချက်အရ သိရပါတယ်။ယမင်းခင်Source: agriwatch.com