Main menu

Background

ပဲလွန်းဖြူတင်ပို့မှုပမာဏလျော့ပေမဲ့ အရောင်းအဝယ်ပမာဏပိုလာ

Mon, 05/28/2012 - 08:56 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ ယခင်တစ်ပတ်က တန်ချိန် ၁၃၀၀ ခန့် တင်ပို့ခဲ့ပေမဲ့ ယခုတစ်ပတ် (မေလ ၁၄ ရက်မှ ၁၈ ရက်) အတွင်း မှာတော့ တန်ချိန် ၉၀၀ ခန့်သာတင်ပို့ နိုင်တာ တွေ့ရပါတယ်။ ယခုတစ်ပတ် တင်ပို့တဲ့ နိုင်ငံများကတော့ အီဂျစ်၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ကိုဖြစ်ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း မေလ ၁၈ ရက်နေ့အထိ ပဲလွန်းဖြူ တန်ချိန် ၈၄၀၀ ခန့် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၆ သန်းကျော် ရရှိထားပြီး ယခင်ဘဏ္ဍာ နှစ်ကာလတူမှာ တန်ချိန် ၆၇၀၀ ကျော် တင်ပို့ခဲ့ခြင်းမှ ရရှိတဲ့ဝင်ငွေ ကန်ဒေါ် လာ ၆ သန်းကျော်ဖြစ်လို့ ယခုနှစ်တင်ပို့ မှု တန် ၂ ထောင်နီးပါးပိုတင်ပေမဲ့ ရရှိတဲ့ ဝင်ငွေ ပိုမိုခြင်းမရှိကြောင်း သိရပါ တယ်။    တင်ပို့မှုလျော့ကျပေမဲ့ ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ အရောင်း အဝယ် ဖြစ်မှုကတော့ ယခင်တစ်ပတ် ထက် ပိုလာခဲ့ပါတယ်။ မေလ ၁၈ ရက် မှ ၂၄ ရက်အတွင်း ပဲလွန်းဖြူတန်ချိန် ၁၅၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ်က တန်ချိန် ၃၅၀ သာ အရောင်းအဝယ် ရှိခဲ့ကြောင်း သိရပါတယ်။ ပြည်တွင်းဈေးကွက်တချို့မှာ ပဲလွန်းဖြူဈေးလျော့ပေမဲ့ ရန်ကုန် FOB ဈေးကတော့ယခင်တစ်ပတ်အတိုင်း ငြိမ် နေပါတယ်။ မေလ ၂၅ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၆၆၀-၆၈၀ နဲ့ SQ မှာကန်ဒေါ်လာ ၇၉၀-၈၁၀ ရှိ ကြောင်း သိရပါတယ်။MIRT - MAPT