Main menu

Background

ယခင်တစ်ပတ်ထက် ပဲတီစိမ်းတင်ပို့မှု လျော့ကျ

Mon, 05/28/2012 - 09:01 -- Anonymous (not verified)

    ယခင်တစ်ပတ်က ပဲတီစိမ်း ပြည်ပတင်ပို့မှု တန်ချိန် ၁၃၀၀၀ ခန့်အထိ တင်ပို့မှုတက်ခဲ့ပြီး ယခုတစ်ပတ်(မေလ ၁၄-၁၈) အတွင်းမှာတော့ တန်ချိန် ၉၂၀၀ ခန့်သာ တင်ပို့နိုင်ခဲ့လို့ ယခင်တစ်ပတ်ထက် လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ အစောပိုင်း အပတ်စဉ်တင်ပို့မှု ပမာဏတွေထက်တော့ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေ ၁၈ ရက်အထိ စုစု ပေါင်း ပဲတီစိမ်းတင်ပို့မှုမှာ တန်ချိန် ၅၅၀၀၀ ခန့်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၄၁ သန်းကျော်ရရှိခဲ့ကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ ပဲတီစိမ်းတန်ချိန် လေးသောင်းနီးပါးတင်ပို့ခဲ့ပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၄၆ သန်းနီးပါးရရှိခဲ့လို့ ယခုနှစ်ကာလတူမှာတင်ပို့တဲ့ ပမာဏပိုမိုပေမဲ့ ရရှိတဲ့ဝင်ငွေမှာလျော့ကျတာတွေ့ရပါတယ်။ MIRT - MAPT