Main menu

Background

ယခုတစ်ပတ် အိန္ဒိယ ပဲတီစိမ်းဈေးနှုန်း ဆက်လက်ကျဆင်း

Mon, 05/28/2012 - 09:03 -- Anonymous (not verified)

    အိန္ဒိယဈေးကွက်တွေမှာ ပဲခွဲစက်များနဲ့ ကုန်သည်များ အဝယ်နည်းတာကြောင့် ယခင်တစ်ပတ်ထက် ဈေးဆက်လက် ကျဆင်းခဲ့ပါတယ်။ ရာဂျက်စသန်ဈေးကွက်ကို နွေပဲတီစိမ်းဝင်ရောက်မှု တိုးလာခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မဒ္ဒရာပရာဒေ့ရှ် မှာ ရေသွင်းဖို့ အခက်အခဲရှိလို့ ယခုနှစ်အထွက်နှုန်း ကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာ အရောင်းအဝယ် အေးပေမဲ့ မေလ ၁၈ ရက်မှ ၂၃ ရက်အတွင်း မွန်ဘိုင်းဆိပ်ကမ်းကို ပဲတီစိမ်းဝင်ရောက်မှုမှာ မြန်မာနိုင်ငံက ကွန်တိန်နာ ၁၀ လုံး၊ တန်ဇန်းနီးယားက ၄၈ လုံး၊ သြစတြေးလျက ၃ လုံး၊ မိုဇမ်းဘစ် ၂ လုံးနဲ့ အီသီယိုပီးယားက ၅ လုံး ရှိကြောင်း သိရပါ တယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။     ဒေါ်လာ/ တန်                             ၂၄-၅-၂၀၁၂    ၂၃-၅-၂၀၁၂    ၂၂-၅-၂၀၁၂    ၂၁-၅-၂၀၁၂မွန်ဘိုင်း(ပဲတီရွှေဝါ)          ၇၃၇              ၇၄၂              ၇၈၄             ၇၈၆ဒေလီ                           ၇၁၁              ၇၁၅              ၇၂၉             ၇၆၈ချန်နိုင်း(ပဲတီရွှေဝါ)          ၇၈၂               ၇၈၇              ၈၀၁             ၈၀၅MIRT(MAPT)