Main menu

Background

ချင်းအဝင်များနေတဲ့ အောင်ပန်းချင်းဈေးကွက်

Mon, 05/28/2012 - 09:06 -- Anonymous (not verified)

    အောင်ပန်းဈေးကွက်မှာတော့ ချင်း (စို) က အဝင်များနေပါတယ်။ ဈေးဖိတ်နေ့ တွေဆိုရင် တစ်ရက်ထဲကို ပိဿာချိန် ၂၀၀၀ မှ ၄၀၀၀ ခန့် ဝင်တယ်လို့လည်းသိရပါ တယ်။ အဝင်များပေမဲ့ အဝယ်ကသိပ်မလိုက်ပါဘူး။ ပြည်မမှာ အပူချိန်လွန်ကဲနေ တာကြောင့်ချင်း (စို) တွေက ဒီတိုင်းနွမ်းပြီးခြောက်သွေ့သွားတာကြောင့် ချင်းအဝယ် နည်း လာတယ်လို့သိရပါတယ်။ ချင်းထိုးသမားတွေက ၅ ရက်တစ်ဈေးမှာမှ ပိဿာ ချိန် ၃၀၀၀ ခန့်သာ ဝယ်ယူနေတယ် လို့လည်းသိရပါတယ်။ အောင်ပန်းချင်း ဈေး ကွက်မှာချင်း(စို)တစ်ပိဿာကို ၂၀၀ ကျပ်၊ ၂၂၀ ကျပ်၊ ၂၅၀ ကျပ်ဈေးသာ ရှိပါ တယ်။ချင်းခြောက်ကလည်း အဝင်မရှိပေမဲ့ လက်ကျန်တွေအတော်ကျန်နေပြီး တစ်ပိ ဿာ ၁၁၀၀ ကျပ်၊ ၁၂၀၀ ကျပ်ဈေးရှိပါတယ်။         ဟိုပုံးနယ်တစ်ဝိုက်မှာ ချင်းပြန်စိုက်နေတာကြောင့် ချင်းစိုက အဝင်မရှိ တော့ဘူးလို့သိရပါတယ်။  နမ့်စန်ချင်း တွေကလည်း အောင်ပန်းဈေး ကွက်ကိုသာ စီးဆင်းသွားတာကြောင့် အောင်ပန်းဈေးကွက်မှာ အဝင်များပြီး၊ ဟိုပုံးမှာ အဝင် မရှိသလော က်ဖြစ်နေပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၁၀၀ ကျပ်ဈေး ရှိပြီး၊ အရောင်းအဝယ် ကတော့ ခပ်အေးအေးသာဖြစ်နေတယ် လို့ ဒေသခံတွေထံက သိရှိရပါတယ်။                                                    ဧဧခိုင်