Main menu

Background

မန်ကျည်းတင်ပို့မှု လျော့

Mon, 05/28/2012 - 09:07 -- Anonymous (not verified)

    ပြည်ပကို ပင်လယ်ရေကြောင်းလမ်းကုန်သွယ်မှုမှ မေ ၁၃ ရက်မှ ၁၉ရက်တာ ကာလအတွင်း မန်ကျည်း ၅၇၂ ဒသမ ၁၉ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် တင်ပို့ခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်က မလေးရှားနိုင်ငံကို ၂၆၀ ဒသမ ၉၉ တန်၊ ပါကစ္စတန် နိုင်ငံကို၂၂ ဒသမ ၂ တန်၊ စင်ကာပူနိုင်ငံကို ၁၈၉ တန်နဲ့ ဗီယက်နမ်နိုင်ငံကို တန် ၁၀၀ တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်တင်ပို့မှုက တန်ချိန် တစ်ထောင် ကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ မန်ကျည်းတင်ပို့မှုလျော့ခဲ့ပါတယ်။ ယခင်သီ တင်းပတ်က FOB  ဈေးတစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၄၉၀ ဝန်းကျင်ရရှိခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာတော့ တစ်တန်ကိုကန်ဒေါ်လာ ငါးရာကျော်ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန် ဝင်ငွေကန်ဒေါ်လာနှစ်သိန်းရှစ်သောင်းကျော်ရရှိခဲ့ပါတယ်။MIRT (DOT)