Main menu

Background

အိန္ဒိယနနွင်းစိုက်ပျိုးသူများ အရည်အသွေးကောင်းနနွင်းများကို ပြန်လည်သိုလှောင်လာကြ

Mon, 05/28/2012 - 09:10 -- Anonymous (not verified)

    အိန္ဒိယနနွင်းစိုက်ပျိုးသူများဟာ ဈေးနှုန်းပိုမိုမြင့်တက်မယ့်အလားအလာကြောင့် အရည်အသွေးကောင်း နနွင်းများကို ပြန်လည်သိုလှောင် လာကြတယ်လို့သိရပါတယ်။ ဒါပေမဲ့ အရည်အသွေးအသင့်အတင့်ကောင်းတဲ့ နနွင်းများကိုသာ ဈေးကွက် ယူဆောင်လာတဲ့အတွက် မေ ၂၂ ရက်မှာ ဈေးကျဆင်းခဲ့ကြောင်းသိရပါတယ်။     ဝယ်လက်များ အထူးသဖြင့် လှောင်လက်များက ဝင်ရောက်လာတဲ့နနွင်းအိတ် ၁၄၈၀၀ ရဲ့ ၅၀ ရာခိုင်နှုန်း လောက် ဝယ်ယူခဲ့တယ် လို့သိရပါတယ်။ လှောင်လက်များဟာ အရည်အသွေးကောင်းများသိုလှောင်ဖို့ ဝယ်ယူလိုပေမဲ့ တောင်သူများက အသင့် အတင့်ကောင်းတဲ့ နနွင်းများသာဈေးကွက်မှာရောင်းချကြတယ်။ ပြည်ပတင်ပို့သူများ အဝယ်မရှိတာကြောင့် ဈေးနှုန်းထပ်မံကျဆင်းနိုင်တယ်လို့ အီရော့နနွင်း ကုန်သည်များအသင်းဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာ မှ ပြောကြားပါတယ်။ လွန်ခဲ့တဲ့ ၂ လခန့်က နနွင်းလက်ငင်းဈေးက တစ်တန်ရူပီး ၄၀၀၀၀ (ကန်ဒေါ်လာ ၇၂၀)အောက်မှာ ရှိနေခဲ့တဲ့အတွက် တောင်သူများအဆင်မပြေဖြစ်ခဲ့ကြပါတယ်။ အိန္ဒိယမြောက်ပိုင်း ကုန်သည်များက နီဇမ်မာဘတ်နဲ့ ဆင်းလီမှသိုလှောင်လက်ကျန် နနွင်းများ ဝယ်ယူခဲ့ကြပါတယ်။ ဒေသတွင်းကုန်သည်များနဲ့ ပြည်ပတင်ပို့သူများဟာ နိုင်ငံမြောက် ပိုင်းမှ အမှာအော်ဒါများကို စောင့်မျှော်လျက်ရှိနေပါတယ်။ ယခုဈေးနှုန်းဝန်းကျင်နဲ့ ယခုလအတွင်း ဆက်ရှိနိုင်တယ်လို့ မစ္စတာ ရာဗီရှန်ကာမှ ပြောကြား ပါတယ်။     အရည်အသွေးကောင်း စပ်မျိုးနနွင်းဈေးဟာ တစ်တန်ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၃၆) မြင့်တက်ခဲ့ပြီး၊ အီရော့နနွင်း ကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်းတစ်တန် ရူပီး ၂၂၉၉၀-၃၇၉၁၀ (ကန်ဒေါ်လာ ၄၁၄-၆၈၂) ရှိပြီး နနွင်းဥဈေးဟာ ရူပီး ၂၂၁၉၀-၃၆၇၄၀ (ကန်ဒေါ်လာ ၃၉၉-၆၆၁) ရှိကြောင်းသိရပါတယ်။ ယမင်းခင်၊  Source: hindubusiness