Main menu

Background

ဗီယက်နမ် ငရုတ်ကောင်း တင်ပို့မှု စဉ်ဆက်မပြတ်

Mon, 05/28/2012 - 09:12 -- Anonymous (not verified)

    ဗီယက်နမ်နိုင်ငံရဲ့ငရုတ်ကောင်းတင်ပို့မှုက ၂၀၁၂ ခုနှစ် နှစ်ကုန်မှာဝင်ငွေဒေါ်လာ (၈၅၀ -၉၀၀ ) သန်း အထိရှိနိုင်မယ်လို့ ခန့်မှန်းကြောင်း ဗီယက်နမ်ငရုတ်ကောင်းအသင်း (VPA) ကပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်ခန့်ကတော့ ဗီယက်နမ်ရဲ့ ငရုတ်ကောင်းတင်ပို့မှုတန်ချိန် ငါးသောင်းခန့်သာရှိပြီး တန်ဖိုးဒေါ်လာသန်း ၉၀ ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ၂၀၁၁ မှာတော့ တင်ပို့မှုတန်ချိန် ၁၂၀၀၀၀ နဲ့ တန်ဖိုး ဒေါ်လာ ၆၉၃ သန်း ရရှိခဲ့တာကြောင့် လွန်ခဲ့တဲ့ ၁၀ နှစ်ထက်တန်ချိန် ၁၂၀ ရာခိုင်နှုန်းနဲ့ တန်ဖိုး ၆၆၅ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ကြောင်း သိရပါတယ်။ ယခုလက်ရှိမှာ ဗီယက်နမ်ထိပ်တန်း ငရုတ် ကောင်းတင်ပို့သူတွေက ကမ္ဘာ့ငရုတ်ကောင်း အထွက်နှုန်း ရဲ့ ၅၀ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားကြောင်းသိရပါတယ်။ ဗီယက်နမ် ငရုတ်ကောင်းက လက်ရှိမှာနိုင်ငံ ၈၀ ကိုတင်ပို့နေပြီး အမေရိကန်၊ ဥရောပ၊ အာရှနဲ့ အရှေ့အလယ်ပိုင်းတို့မှာ ဈေးကွက်ဝေစုကြီး များပိုင်ဆိုင်ကြောင်းသိရပါတယ်။ ဗီယက်နမ်ရဲ့ နှစ်စဉ် ငရုတ်ကောင်းအထွက်နှုန်းက ၂၀၀၁ မှာ ၁ ဟက်တာကို (၃-၅) တန်အထိထွက်ရှိပြီး၂၀၁၁မှာ (၅-၇)  တန်အထိ တိုးလာကြောင်း သိရပါတယ်။ အခြားတင်ပို့သူများဖြစ်တဲ့ အိန္ဒိယနဲ့ အင်ဒိုနီး ရှားက ၁ ဟက်တာကို (သုည ဒသမ ၂ - သုည ဒသမ ၃) တန်သာ ထွက်ရှိပြီး မလေးရှားနဲ့ ဘရာဇီးက ၁ ဟက်တာကို  (၁-၂) တန်အထိသာ ထွက်ရှိကြောင်း VPA  က ပြောကြားပါတယ်။ VPA အဖွဲ့ဝင်တွေက ၂၀၀၁ မှာ ၃၄ ဦးရှိရာကနေ ၂၀၁၁ မှာ ၁၀၅ ဦးအထိ  ရှိလာပြီး  Gia Lai  ပြည်နယ်ရှိ  Chu Se   ငရုတ်ကောင်းက ကမ္ဘာ့ဈေးကွက်မှာ ထင်ရှားတယ်လို့ သိရပါတယ်။ Source: VOV , KZW