ပို့ကုန်ဈေးကွက်မှာ စီးပွားရေးအကျပ်အတည်းတွေရှိတာကြောင့် ယခုနှစ် ဒုတိယသုံးလပတ်မှာ အမှာစာတွေ လျော့ကျခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောပါတယ်။ ပြည်တွင်းပို့ကုန်တင်ပို့သူတွေက သာမန်အားဖြင့် ပို့ကုန်စာချုပ်တွေကို ယခင်နှစ်ကုန်ချိန်မှ ယခုနှစ် တတိယသုံးလပတ်တိုင်အောင် လက်မှတ်ရေးထိုးကြကြောင်း ဟိုချီမင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးဗဟိုဌာနရဲ့ညွှန်မှူးက ပြောကြားခဲ့ပါ တယ်။ ဒါပေမယ့် ၂၀၁၁ နှစ်ကုန်ကတည်းက ပြည်တွင်းပို့ကုန်သမား တွေက ပို့ကုန်အမှာရဖို့ ရုန်းကန်နေကြရတယ်လို့လည်း ပြောကြားခဲ့ပါ တယ်။ ချည်ထည်နဲ့ အဝတ်အစားလုပ်ငန်းတွေက ယခင်နှစ်အလား တူကာလနဲ့နှိုင်းယှဉ်ရင် ယခုနှစ်ဒုတိယသုံးလပတ်မှာ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ အမှာစာကျဆင်းခဲ့ကြောင်း ဗီယက်နမ်ချည် ထည်နဲ့ အဝတ်အစားအသင်း Vitas ရဲ့ ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့ ပါတယ်။ ပထမ သုံးလပတ်မှာ ချည်ထည်နဲ့ အဝတ်အစားတင်ပို့မှု က အီးယူကို ၃၀ ရာခိုင်နှုန်းနဲ့ ဂျပန်ကို ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့ တယ်လို့ သိရပါတယ်။ ဒါ့အပြင် အချို့လုပ်ငန်းတွေက ပြည်တွင်းဈေး ကွက်မှာလည်း အရောင်းကျကြောင်းVitas ရဲ့ ဒုဥက္ကဋ္ဌက ပြောကြား ခဲ့ပါတယ်။ ယခုနှစ် ဒုတိယသုံးလပတ်မှာ လုပ်ငန်းအနည်းငယ်ကသာ ပို့ကုန်စာချုပ် ချုပ်ဆိုမှုရှိပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်း ယှဉ်လျှင် ပို့ကုန်အမှာ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ဗီယက်နမ် သားရေနှင့် ဖိနပ်အသင်း Lefaso ရဲ့ တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။ ပို့ကုန်ဈေးကွက်မှာ စီးပွားရေးအခြေအနေခက်ခဲလာခြင်းနဲ့ စီးပွား ဖက်နိုင်ငံတွေဖြစ်တဲ့ ဥရောပယူနီယံ၊ အမေရိကန်နဲ့ ဂျပန်တို့မှ အရည် အသွေးမြင့်မားတဲ့ ထုတ်ကုန်ပစ္စည်းတွေ ဝယ်လိုအား တိုးလာတာ ကြောင့် ပို့ကုန်အမှာများကျဆင်းတာဖြစ်ကြောင်း စက်မှုနဲ့ ကုန်သွယ် ရေးဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်မှုမြှင့်တင်ရေးဌာနမှ သုံး သပ်ပြောကြားပါတယ်။ ဥရောပကနေဗီယက်နမ်ထံမှ သားရေနဲ့ ဖိနပ် ဝယ်လိုအား ၅၀ ရာခိုင်နှုန်းရှိပြီး စီးပွားရေးအကျပ်အတည်းကြောင့် အမှာစာတွေကျဆင်းနေကြောင်း Lefaso ရဲ့ ဒုဥက္ကဋ္ဌက ပြောကြား ခဲ့ပါတယ်။ ဒါကြောင့် စက်မှုလုပ်ငန်းတွေက စီမံကိန်းအသစ်တွေ ချမှတ်ပြီး သြစတြေးလျ၊ ရုရှား၊ တောင်အမေရိကနဲ့ မြောက်အာဖရိ ကနိုင်ငံများမှာ ပို့ကုန်ဈေးကွက်သစ်ရှာဖွေနေတယ်လို့ သတင်းရရှိပါ တယ်။ Source:VNA, KZW
Background