Main menu

Background

အနည်းငယ် အတက်အကျရှိနေတဲ့ ဒေါ်လာဈေးကွက်

Mon, 05/28/2012 - 09:39 -- Anonymous (not verified)

    ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက တက်ရိပ်ပြလာခဲ့တဲ့ အမေရိကန်ဒေါ်လာ ဈေးကွက်ဟာ အခုတစ်ပတ်မှာတော့ ဈေးအနည်းငယ်အတက်အကျ များရှိလာခဲ့ တာ တွေ့ရပါတယ်။ မေ ၁၈ရက်က ရောင်ဈေး ၈၄၂ကျပ် ဝယ်ဈေး ၈၃၂ကျပ်ဖြင့် ဈေးပိတ်ခဲ့ရာ ဈေးပြန်ဖွင့်သည့် မေ ၂၁ ရက်တွင် ရောင်းဈေး ၈၄၄ကျပ် ဝယ်ဈေး ၈၃၂ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်ကို တွေ့ရသည်။ ယင်းဈေးသည် ဗဟိုဘဏ်မှသတ် မှတ်ပေးသည့် သိမ်ဖြူငွေလဲစင်တာတွင် ဖြစ်ပေါ်ခဲ့သည့်ငွေလဲနှုန်းဖြစ်ရာ ယင်းငွေ လဲနှုန်းကိုအခြေခံ၍ ပုဂ္ဂလိကဘဏ်များက ဈေးနှုန်းကိုသတ်မှတ်ခဲ့ကြသည်။ ယင်းကဲ့သို့သတ်မှတ်ရာတွင် သမဝါယမဘဏ်မှ ရောင်းဈေး ၈၄၅ကျပ် ဝယ် ဈေး ၈၃၂ဖြင့် သတ်မှတ်ခဲ့ပြီး အေဂျီဒီဘဏ်မှလည်း ရောင်းဈေး ၈၄၅ကျပ် ဝယ်ဈေး ၈၃၂ကျပ်ဖြင့် သတ်မှတ်ခဲ့သည်ကို တွေ့ရသည်။ယခုတစ်ပတ်အတွင်းတွင် ဒေါ်လာဈေးကွက်သည် နှစ်ကျပ်မှ သုံးကျပ်အထိ အတက်အကျများရှိခဲ့သည်။  ပြင်ပငွေလဲဈေးကွက်တွင် ဝယ်ဈေး ၈၃၈ကျပ် ရောင်း ဈေး ၈၄၀ ဖြင့် အရောင်းအဝယ်ပြုလုပ်နေသော်လည်း အရောင်းအဝယ်ပြုလုပ် သူများမှာ အနည်းငယ်သာရှိကြောင်း သိရသည်။"ကျွန်တော်တို့ ဒီအပြင်ဈေးကွက်မှာတော့ အရောင်းအဝယ်က ဟိုးအရင် တုန်းကလောက်တော့ မဖြစ်တော့ဘူး။ ငွေလဲစင်တာကို မသွားချင်လို့ ဒီကိုရောက် လာတဲ့သူတွေလောက်ပဲ အဓိကထားပြီးအရောင်းအဝယ်လုပ်ရတာ။ ဈေးလာမေးပြီ ဆိုတာနဲ့ ရောင်းမှာလားဝယ်မှာလား အမိအရ ဖမ်းရတယ်။ ကျွန်တော်တို့က ဒီမှာ ငါးကျပ်စားနဲ့လုပ်နေတာဆိုတော့၊ အခုဆိုရင် ဒီနားမှာလုပ်တဲ့သူတွေက အရင်ထက် တောင်ပိုများလာသေး တယ်"ဟု ပြင်ပဒေါ်လာဈေးကွက်အတွင်းမှ အရောင်းအဝယ် ပြုလုပ်နေသူတစ်ဦးကဆိုသည်။                                  မယ်သီတာ