Main menu

Background

ဒီတစ်ပတ်ဘိလပ်မြေအဝင်ပို

Mon, 05/28/2012 - 09:42 -- Anonymous (not verified)

ဒီတစ်ပတ်ဘိလပ်မြေအဝင်ပိုပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ  မေ ၁၃ ရက်မှ ၁၉ ရက်တာကာလအတွင်း ဘိလပ်မြေ ၄၁၂၀၀ ဒသမ ၆၆ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ သုံးဆယ့်လေးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မှာ ထိုင်းနိုင်ငံမှ ဘိလပ်မြေများသာတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန် နှစ်သောင်းခုနစ်ထောင်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင်ပိုခဲ့တယ်လို့ ဆိုရပါမယ်။  MIRT (DOT)နယ်စပ်မှ ဘိလပ်မြေ တန် ၂၅၀၀ နီးပါး သွင်းနိုင်ခဲ့မေ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၉၈ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၂၂၇၁ တန်ကျော်ကို နယ်စပ်ကုန်သွယ်ရေးစခန်း များမှ အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၇၉၀ ခန့် ပိုမိုတင်သွင်းမှုရှိခဲ့ပါ တယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၀၆ တန်၊ တာချီလိတ်မှ ၁၂၉၈ တန်၊ ကော့သောင်းမှ ၂၄၅ တန်၊ မြိတ်မှ ၂၀၆ တန်နဲ့ မောင်တောမှ ၄၁၆ တန်ကျော် အသီးသီးဖြစ်ပါတယ်။                       MIRT (DOBT)ဈေးကစားမှုမရှိ၊ တည်ငြိမ်နေတဲ့ ဘိလပ်မြေဈေးကွက်    မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်ဘိလပ်မြေက ရောင်းအားရှိလာတယ် လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ယခင်က မိုးကျ လာရင် ဘိလပ်မြေအရောင်းထိုင်းပေမဲ့ ဒီတစ်ပတ်မှာတော့ မိုးရွာပေမဲ့ဘိလပ်မြေက ပိုရောင်းကောင်းလာတယ်လို့ ဆိုပါတယ်။ ဘိလပ်မြေဈေးကလည်း ယခင်တစ်ပတ် ဈေးထက်စာရင် ကြံ့(မြိုင်ကလေး)က သုံးရာကျပ်နဲ့ မြင်းခေါင်းက တစ်ရာကျပ် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဈေးမြင့်ပေမဲ့ ပိုရောင်းအားကောင်းလာတယ်လို့ ပြောပါတယ်။ ဒီတစ်ပတ် ဘိလပ်မြေဈေးများမှာ မြင်းခေါင်းက ၃၄၀၀ ကျပ်၊ ကြံ့ (မြိုင်ကလေး) ၄၂၀၀ ကျပ်နဲ့ ဆင် (ထိုင်း)က ၄၉၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ သိရပါတယ်။ မိုးကျခါနီးမှ အဝယ်က အနည်းငယ်လိုက်လာတယ်လို့ ဆိုပါတယ်။ ယခင်တစ်ပတ် အဝယ်လိုက်လာခဲ့ပေမဲ့  ဒီတစ်ပတ်မှာတော့ ပုံမှန်ပြန်ဖြစ်သွားတယ်လို့ အရောင်း ဆိုင်မှဝန်ထမ်းတစ်ဦးကဆိုပါတယ်။ အဝယ်ပုံမှန်ရှိသလို ဈေးကလည်းငြိမ်နေတယ် လိ့ုဆိုပါတယ်။ ဆင်(ထိုင်း) က တစ်အိတ်ကို ၅၅၀၀ ကျပ်၊ စိန် (ထိုင်း) က တစ် အိတ်ကို ၅၂၀၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး)က တစ်အိတ်ကို ၄၄၀၀ ကျပ်ဖြစ်ပါတယ်။မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ သိရပါတယ်။ ပုံမှန်အရောင်းရှိနေတဲ့ မြန်မာဆင်၊ စိန်(ထိုင်း)နဲ့ မြင်းခေါင်း ဘိလပ် မြေက ဈေးငြိမ်နေပေမဲ့ အေသုံးလုံး၊  ဆင်(ထိုင်း)၊ ဆင်မင်း(ကျောက်ဆည်)၊ ကျားခေါင်း စတဲ့ ဘိလပ်မြေက တစ်အိတ်ကို တစ်ရာဝန်းကျင် ဈေးကျလာတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေ တဲ့ ဘိလပ်မြေဈေးနှုန်းများမှာ အေသုံးလုံးက ၅၂၀၀ ကျပ်၊ မြန်မာဆင် ၅၀၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၂၀၀ ကျပ်၊ စိန် (ထိုင်း) ၆၂၀၀ ကျပ်၊ ဆင်မင်း ၄၉၀၀ ကျပ်၊ ကျားခေါင်း ၅၀၀၀ ကျပ်နဲ့ မြင်းခေါင်းက ၄၆၀၀ ကျပ်ဖြစ်ကြောင်း သိရပါတယ်။မကွေးဘိလပ်မြေဈေးကွက်မှာ အရောင်းအေးလာတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ မိုးလည်းရွာလာ တာကြောင့် ဆောက်လုပ်ရေးလုပ် ငန်းတွေလည်း နည်းလာပါတယ်။ ဒါကြောင့် အရောင်းအဝယ်တွေအေးလာတာလို့ အဆိုပါ ဝန်ထမ်း မှပြောပါတယ်။ အရောင်းအေးသလို ဈေးကလည်း အကျဘက်မှာ ရှိလာတယ်လို့ ဆိုပါတယ်။ ဆင်(ထိုင်း) ဘိလပ်မြေ က နှစ်ရာကျပ်ဈေးကျလာပြီး မြင်းခေါင်းဘိလပ်မြေက တစ်ရာကျပ် ဈေးကျလာပါတယ်။ ဒီတစ်ပတ်ဘိလပ်မြေ ဈေးတွေက ဆင်(ထိုင်း)က တစ်အိတ်ကို ၅၇၀၀ ကျပ်နဲ့ မြင်းခေါင်း ဘိလပ်မြေက တစ်အိတ်ကို ၄၃၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။            MIRT (DOT)