နို့ဆီ/နို့စိမ်း အဝင်ပိုခဲ့သီတင်းတစ်ပတ်ဖြစ်တဲ့ မေ ၁၃ ရက် မှ ၁၉ ရက်တာကာလအတွင်း နို့ဆီ နို့ဆီ ၄၇၃ ဒသမ ၈၄ တန်နဲ့ နို့စိမ်း ၂၉၂ ဒသမ ၄၅ တန် မှာယူတင်သွင်းခဲ့ ပါတယ်။ ဒီတစ်ပတ်မှာ တင်သွင်းခဲ့တဲ့ နို့ဆီမှာ မာရီဂိုးနို့ဆီ ၁၁၄ ဒသမ ၁၉ တန်၊ အိုကေနို့ဆီ ၂၀၂ ဒသမ ၂၇ တန်နဲ့ ဒွန်းနို့ဆီ ၁၅၇ ဒသမ ၃၈ တန် ဖြစ်ပြီး နို့စိမ်းက ဒွန်းဖြစ်ကာ တန်ချိန်က ၂၉၂ ဒသမ ၄၅တန်ဖြစ်ပါတယ်။ ယခင် သီတင်းပတ်နို့ဆီတင်သွင်းမှုက တန် ချိန်နှစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန် နှစ်ရာကျော် အဝင်ပိုခဲ့ ပြီး နို့စိမ်းက တန် ကိုးဆယ်ကျော် အဝင် ပိုခဲ့ပါတယ်။နို့မှုန့်က နယူးဇီလန်မှ ၃၄ ဒသမ ၂၁ တန်၊ သြစတြေးလျနိုင်ငံမှ ၃၁ ဒသမ ၆၂ တန်၊ အင်ဒိုနီးရှားနိုင်ငံမှ ၂၀ ဒသမ ၁၃တန် စုစုပေါင်း ၈၅ ဒသမ ၉၆ တန် ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်ထက်စာရင် ဒီတစ်ပတ်မှာ နို့မှုန့် ၇ တန် နီးပါးပိုမိုတင်သွင်းခဲ့တာ တွေ့ရပါ တယ်။ MIRT(DOT)တင်သွင်းမှုအနည်းငယ်သာရှိမေ ၁၆ ရက်မှ ၂၂ ရက်ထိကာလ အတွင်းမှာကော့သောင်းနယ်စပ်မှ ကန် ဒေါ်လာ သုည ဒသမ ၀၃၂ သန်း တန် ဖိုးရှိ နို့ဆီ ၃၃တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုးရှိ နို့စိမ်း ၃ ဒသမ ၇၉ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နို့ဆီရော နို့စိမ်း တင်သွင်းမှု သိသိသာသာ လျော့နည်း ခဲ့တာ တွေ့ရပါတယ်။ယခုအပတ်မှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၄၆ သန်း တန်ဖိုးရှိ နို့မှုန့် ၁၆ တန် အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် ၁၄ တန် ပိုမိုတင် သွင်းခဲ့ပါတယ်။ MIRT(DOBT)
Background