Main menu

Background

နှမ်းလက်ကျန်နည်းပေမဲ့ ပြည်ပကို ဆက်လက်တင်ပို့မှု ရှိနေ

Mon, 05/28/2012 - 09:45 -- Anonymous (not verified)

    ဈေးကွက်တွေမှာ နှမ်းလက်ကျန်လျော့နည်းလာပြီဖြစ်ပေမဲ့ ပြည်ပကို ဆက်လက်တင်ပို့မှုရှိနေတာ တွေ့ရပါတယ်။ မေလ ၁၄ ရက်မှ ၁၈ ရက်အတွင်း ပင်လယ်ရေကြောင်းက နှမ်းတန်ချိန် ၃၀၀ ကျော်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုတစ်ပတ်မှာ လည်း တရုတ်၊ ကိုရီးယားနဲ့ စင်ကာပူကို တင်ပို့တာ တွေ့ရပါတယ်။ ဂျပန်နိုင်ငံကိုတော့ ယခင်တစ်ပတ်မှစပြီး တင်ပို့ခြင်းမရှိတာ တွေ့ရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေလ ၁၈ ရက်နေ့အထိ နှမ်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၅၂၀၀ ခန့် ရှိပြီး ကန် ဒေါ်လာ ၈ သန်းနီးပါးရရှိထားပြီးဖြစ်ရာ ယခင်ဘဏ္ဍာနှစ်ကာလ တူတင်ပို့ခဲ့တဲ့တန်ချိန် ၃၂၀၀ ကျော်၊ ကန်ဒေါ်လာ ၅ သန်း ကျော်ဖိုးထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ MIRT - MAPT