Main menu

Background

အီးယူပြဿနာစိုးရိမ်မှုများက ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ပေမယ့် ယခုရက်ပိုင်း စားအုန်းဆီဈေးမြင့်တက်လာ

Mon, 05/28/2012 - 09:48 -- Anonymous (not verified)

    အီးယူဇုန် အကျပ်အတည်းအပေါ် စိုးရိမ်မှုတွေက ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ပေမယ့်လည်း မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေးဟာ ယခင်ရက်များက ကြီးမားစွာကျဆင်းပြီးနောက် မေလ ၂၄ ရက်မှာတော့ အမြင့် ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ အီးယူ အကြွေးပြဿနာ မသေချာမှုကစားအုန်းဆီဈေးနှုန်းကို ဆွဲချခဲ့ရာ မေ ၂၃ ရက် ပေါက်ဈေးဟာ ၂၀၁၂ အတွင်း အနိမ့်ဆုံးကိုဆင်းခဲ့ပြီး၊ ဝယ်လက်များ အတွက် ဈေးသက်သာတဲ့ စားဆီဝယ်ယူမှု မြင့်တက်စေခဲ့ပါတယ်။    စားဆီ ဝယ်လိုအား ခိုင်မာတဲ့အတွက် ပြည်ပတင်ပို့မှု စာရင်းများ မြင့်တက်ခြင်း ဟာ ကြိုပွိုင့်ဈေးကို အထောက်အပံ့ဖြစ်စေပါတယ်။ ဥပုသ်လဝယ်လိုအားရှိခြင်းနဲ့ အတူ ကုန်သည်အများစုက ရှယ်ယာများမြင့်တက်ခဲ့ကြ တယ်လို့ သိရပါတယ်။ ဝယ်လိုအားမြင့်တက်နိုင်လို့ စားအုန်းဆီဈေးကို တစ်တန်ရင်းဂစ် ၃၀၀၀(ကန်ဒေါ်လာ ၉၅၀) အထက်မှာ ထိန်းထားဆဲဖြစ်တယ်လို့ စင်ကာပူအခြေစိုက်ကုန်သည် တစ်ဦးက ဆိုပါတယ်။ ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ သြဂုတ်လ အခြေခံစံနှုန်းစားအုန်းဆီ ကြိုပွိုင့် ဈေးဟာ ၁ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန် ရင်းဂစ် ၃၀၆၉ (ကန်ဒေါ်လာ ၉၇၅) ဈေးဖြစ်ခဲ့ပါတယ်။ မေ၂၃ ရက်မှာ ရင်းဂစ် ၂၉၉၃ (ကန်ဒေါ်လာ ၉၄၈)အထိ ဖြစ်ခဲ့လို့ ၅ လအတွင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ ရောင်းဝယ်မှု ပမာဏက လည်း ပုံမှန်ပမာဏထက် မြင့်တက်ခဲ့ပါတယ်။    ဝယ်လိုအား ခိုင်မာနေတဲ့အတွက် မေလ ၁ ရက်မှ ၂၀ ရက်အထိ မလေးရှား စားအုန်းဆီတင်ပို့မှုအနည်းငယ်တိုးတက်ခဲ့တယ်လို့ ကုန်ပစ္စည်းစစ်ဆေးတဲ့ အေဂျင်စီ များကဆိုပါတယ်။ဈေးကွက်မှာလှုပ်ရှားသူများကမေ ၁ ရက်မှ ၂၅ ရက်အထိ ပြည်ပ တင်ပို့မှု ကို စောင့်ကြည့်နေပြီး၊ လာမယ့်လတွေမှာ ပြည်ပတင်ပို့မှု ပိုတက်လာ မယ်လို့ မျှော်လင့်လျက်ရှိနေကြပါတယ်။ဒါ့အပြင် ပဲပုပ်ထွက်ရှိမှုကို ထိခိုက်နိုင်တဲ့အမေရိကန် ရာသီဥတုကိုလည်း စောင့်ကြည့်လျက် ရှိသလို အရှေ့တောင်အာရှမှာ စားအုန်းဆီ ထုတ်လုပ်မှုကိုထိခိုက်စေနိုင်တဲ့ အယ်နီညိုရာသီဖြစ်စဉ်ပြန်လာနိုင်တဲ့ အခြေအနေ ကိုလည်း စောင့်ကြည့်လျက်ရှိပါတယ်။    သြစတြေးလျ မိုးလေဝသဌာနမှ မေလ ၂၂ ရက်နေ့ ခန့်မှန်းရာမှာ အယ်နီညို ပြန်ဝင်လာနိုင်လို့ ၂၀၁၂ ဒုတိယ နှစ်ဝက်မှာ မိုးသည်းထန်နိုင်သလို မိုးခေါင်ခြောက် သွေ့မှုများလည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ တရုတ် စီးပွားရေးနဲ့ပတ်သက် တဲ့ အခြေအနေ အားပျော့နေခြင်းနဲ့ အီးယူဇုန်အကြွေးပြဿနာ အလားအလာများ အရ ရေနံစိမ်းဈေးက မေ ၂၄ ရက်မှာ တစ်တန် ကန်ဒေါ်လာ ၁၀၅ အထက်မှာ ငြိမ်နေပါတယ်။ အခြားဟင်းသီးဟင်းရွက်ဆီဈေးကွက်များမှာ ဇူလိုင်လအတွက် အမေရိကန်ပဲပုပ်ဆီဈေးက ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး၊ စက်တင်ဘာလ အတွက် ဒေလီယံပဲပုပ်ဆီဈေးမှာ သုည ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါတယ်။                                    ယုဇန၊Source:  Reuters