Main menu

Background

မတ်ပဲ

Wed, 05/30/2012 - 03:59 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်        ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်     ၁ တန်        ၄၀၁၀၀၀     ၄၀၀၀၀၀            ၂    မုံရွာ               ၁ ပိဿာ       ၅၉၀            ၅၈၀        ၃    ပြည်                ၁ ပိဿာ      ၆၂၀          ၆၀၅        ၄    ဟင်္သာတ          ၁ ပိဿာ      ၆၂၀          ၆၁၃            ၅    မန္တလေး           ၁ ပိဿာ        ၆၁၇         ၆၀၀        မတ်ပဲအရောင်းအဝယ်ပုံမှန်ရှိနေ    ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို အိတ်စပို့ အဆွဲပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် ကျလာ တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို ၄၀၀၀၀၀ ကျပ်ဈေးမှ အမြင့်ဆုံး ၄၀၁၀၀၀ ကျပ်အတွင်း တန် ၃၄၅၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တက်ဈေးမှာ အရောင်း များခဲ့တဲ့ ရောင်းသူကုန်သည်ကြီးများက အခုလို ဈေးကျဆင်းလာ တဲ့အခါမှာတော့ ဈေးကွက်မျှော်လင့်ချက်နဲ့ ရောင်းအားနည်းလာ တယ်လို့ ပဲကုန်သည်တစ်ဦး ကဆိုပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကိုမြို့ခံပဲခွဲစက်များကဝယ်အားအထိုက်အလျောက် ရှိပြီး ရန်ကုန်အဆွဲကတော့ အေးနေတယ်လို့သိရ ပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၀၀ ကျပ် (တစ်တန် ကို ၃၆၇၄၃၄ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၄၀၀ ကြားသာဖြစ်ခဲ့တယ်လိ့ု ဈေးကွက် အတွင်းမှသိရပါတယ်။ ဟင်္သာတဈေးကွက်မှာ ယခင် တစ်ပတ်က တစ်ပိဿာ ၆၂၀ ကျပ်(တစ်တန်ကို ၃၇၉၆၈၁ ကျပ်)ဈေး နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ် မှာရန်ကုန်ဝယ် လက်က ရန်ကုန်ဘုရင့်နောင်ဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေကို တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ဈေးကအကျဘက်မှာ ရှိနေ တယ်လို့ မြို့ခံပဲကုန်သည် တစ်ဦးကဆိုပါတယ် ။ ပြည်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲက ဈေးကွက်သို့အဝင်နည်းပေမယ့် ရန်ကုန်အဆွဲ ကတော့ ပုံမှန်ရှိခဲ့တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၀၅ ကျပ် (တစ်တန်ကို ၃၇၀၄၉၅ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၂၀၀၀ မှ ၃၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။