စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ တောင်ကြီး ၁ ပိဿာ ၃၁၀ ၃၁၀ ၂ လားရှိုး ၁ ပိဿာ ၄၀၀ ၃၉၀ ၃ မူဆယ် ၁ တန် ၂၇၉၁၇၅ ၂၇၄၄၇၅ ၄ မန္တလေး ၁ ပိဿာ ၃၄၈ ၃၅၂ရောင်းလိုအားများလို့ ဈေးအနည်းငယ်ဆင်းလာတဲ့ ပြောင်းဈေးကွက် တောင်ကြီးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန် ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင် များက ဝယ်အားပုံမှန်ရှိခဲ့တယ် လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု ကတစ်ပိဿာကို ၃၁၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်းပိဿာချိန် ၄၀၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်း က လှောင်လက်ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်း နေပေမယ့် တရုတ်အဆွဲကတော့ ပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၃၉၀ ကျပ်ဈေးနဲ့ တစ်ပတ်အ တွင်းပိဿာချိန် ၁၇၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည် တစ်ဦးက ဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းကဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို တရုတ်အဆွဲကလည်း ပုံမှန်ရှိပေမယ့် ရောင်းသူ ကုန်သည်များ အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်ကျသွားတယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပြောင်းကိုတရုတ်အဆွဲပုံမှန်ရှိသလို လှောင်လက်ကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၃၅၂ ကျပ်ဈေးနဲ့ နေ့စဉ်အိတ် ၇၀၀ ခန့်ဖြစ်ခဲ့ တယ်လို့ မြို့ခံပြောင်းကုန်သည်တစ်ဦးကဆိုပါတယ်။
Background