Main menu

Background

တာချီလိတ်နယ်စပ်မှ ကောက်ညှင်းစပါး အပို့ရှိ

Wed, 05/30/2012 - 04:06 -- Anonymous (not verified)

    မြန်မာထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဧပြီလနောက်ဆုံးပတ်မှာတစ်ဘက်ထိုင်းနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းတန်ဖိုး ရှိ ကောက်ညှင်းစပါးတန် ၅၀၀ စတင် တင်ပို့ခဲ့ပြီး ယခု မေလ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၆၅ သန်းတန်ဖိုးရှိ ကောက်ညှင်း စပါး တန် ၁၀၀၀ ထပ်မံတင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ တာချီလိတ်နယ်စပ်မှတင်ပို့တဲ့ ကောက်ညှင်းစပါးများဟာ မိုင်းယောင်းမြို့နယ် ထွက်ရှိမှုမှ ပိုလျှံတဲ့ ကောက်ညှင်း စပါးများဖြစ်တယ်လို့သိရပါတယ်။    ယခုနှစ်မတ်လကစပြီး မိုင်းယောင်းမြို့နယ်၊ မိုင်းယုဒေသထွက်တစ်ရှုးငှက်ပျောသီး၊ ဖရဲသီးနဲ့ ရွှေဖရုံသီးများ ကိုလည်း မိုင်းယောင်းလယ်ယာကုန်ထုတ်လုပ်မှုဖွံ့ဖြိုးရေး ကုမ္ပဏီမှတင်ပို့မှုလည်းရှိခဲ့တာဖြစ်ပါတယ်။ှSource: နကသ (တာချီလိတ်)၊ MIRT- DOBT