Main menu

Background

ယခုအပတ် ပရဆေးကုန်သွယ်မှု ပိုမိုလာ

Wed, 05/30/2012 - 04:06 -- Anonymous (not verified)

    မေလ ၁၆ မှ ၂၂ ရက်ထိကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၅၂၁ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၉၃၉ တန်ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၄၃၀ ခန့် အပို့ပို ခဲ့ပါတယ်။ တမူး နယ်စပ်မှလည်း တောင်လုံးကျော် ၄ တန်အသွင်းရှိခဲ့ရာ ယခင် အပတ်ကထက်သုည ဒသမ ၅၅ တန် အသွင်းပိုခဲ့တဲ့ အတွက် ယခုအပတ်နယ်စပ်မှ ပရဆေးကုန်သွယ်မှု ပိုမိုလာခဲ့ပါတယ်။     မူဆယ်နယ်စပ်မှ ယခုအပတ်တင်ပို့တဲ့ ပရဆေးကုန် ကြမ်းများထဲမှမာလာခေါင်း၊ ခပေါင်းစေ့နဲ့ တောချင်းမှာ ယခင် အပတ်ကအပို့မရှိဘဲ ယခုအပတ်မှာ အပို့ရှိလာတာ တွေ့ရပါ တယ်။ ကြက်ဆူစေ့၊ နနွင်းတက်၊ ကွမ်းစားဂမုန်း၊ နေလဲစေ့၊ မာလာဥ၊ ဒရင်ကောက်မြစ်၊ မျောက်ဥခြောက်နဲ့ ဂုံညှင်းလုံးတို့ အပို့ပိုခဲ့တာဖြစ်ပါတယ်။ မိချောင်းကွမ်းဖတ်စေ့၊ ဆီးဆံ၊ စကား ပန်းပွင့်ခြောက်၊ နနွင်းခေါင်းနဲ့ တောင်လုံးကျော်တို့တော့ အပို့ လျော့ခဲ့တယ်လို့ သိရပါတယ်။MIRT (DOBT)