မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၉၂ သန်းတန်ဖိုးရှိ ငါးရှဉ့် ၅၉ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၂ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၈၃၅ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၂၈၀ ကျော် အပို့ရှိခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှု တွေကတော့ မူဆယ်မှကန်ဒေါ်လာ သုည ဒသမ ၁၉၂ သန်း တန်ဖိုးရှိ ငါးရှဉ့် ၅၈ ဒသမ ၉၄၄ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၂၈၆ သန်းတန်ဖိုးရှိ ကဏန်း ၉၃ တန်ကျော်နဲ့ ကန် ဒေါ်လာ သုည ဒသမ ၂၆၂သန်းတန်ဖိုးရှိရေခဲငါး ၁၀၂ တန် ခန့်၊ ချင်းရွှေဟော် နယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၉၅ သန်းတန်ဖိုးရှိ ငါးရှဉ့်၂၆ တန်ကျော် အပို့ရှိခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ ငါးရှဉ့်နဲ့ ရေခဲငါးအပို့ပိုခဲ့သော် လည်းကဏန်းအပို့လျော့ခဲ့တဲ့အပြင် လွယ်ဂျယ်မှလည်း ငါးရှဉ့် အပို့လျော့ခဲ့ပါတယ်။ MIRT(DOBT)
Background