မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းသည် မေ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမှာ လယ်ယာ ထွက်ကုန် ၃၃၆ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၁၉ တန်ကျော် အပို့ပိုခဲ့ပါတယ်။ ယခုအပတ်မြဝတီနယ်စပ်မှ တင်ပို့တဲ့လယ်ယာထွက်ကုန်တွေကတော့ ကန်ဒေါ်လာ သုည ဒသမ ၄၄၈ သန်းတန်ဖိုးရှိ ဘိုကိတ်ပဲ ၃၆ တန်၊ ပဲလွန်းဖြူ ၁၅တန်၊အာလူး ၅၇ တန်ကျော်၊ ဂျင်းခြောက် ၆ တန် ကျော်၊မန်ကျည်းမှည့် (အစေ့ပါ)၂၄ တန်၊ကွမ်းသီး ၃၉ တန်ခန့်၊ နနွင်း တက် ၉၇ တန်၊ ဆေးရွက်ကြီး ၁၉ တန် ခွဲ၊ သီဟိုဠ်စေ့ ၁၃ တန်ခန့်၊ သခွားမွှေး ၁၀ တန်နဲ့ သရက်သီး ၁၀ တန် အသီးသီး ဖြစ်ပါတယ်။ ယခင်အပတ်က အပို့မရှိခဲ့တဲ့ ဘိုကိတ်ပဲနဲ့ ပဲလွန်းဖြူ၊ သခွားမွှေးနဲ့ သရက်သီးများကို ယခုအပတ်မှာ တင်ပို့မှုရှိခဲ့သလို အာလူး၊ ဂျင်းခြောက်၊ မန်ကျည်းမှည့် (အစေ့ပါ)နဲ့ နနွင်းတက်များလည်း အပို့ပိုခဲ့တာဖြစ်ပါတယ်။MIRT(DOBT)
Background