Main menu

Background

မြိတ်နယ်စပ်မှ ရေထွက်ကုန် အပို့ပို

Wed, 05/30/2012 - 04:10 -- Anonymous (not verified)

    မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၀၂၂ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၉၆၆ တန်ကျော်ကို မေလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ရာယခင်အပတ်ကထက် တန် ၂၀၀ ကျော် အပို့ပိုခဲ့ပါတယ်။ မြိတ်နယ်စပ်မှ ယခုအပတ်တင်ပို့တဲ့ ပို့ကုန်တွေကတော့ ငါးမျိုးစုံ ၁၈၂၆ တန်ကျော်၊ ရေငန်ပုစွန် ၂၂ တန်ခန့်၊ ငါးမှုန့် ၁၁၁ တန်ကျော်နဲ့ ကဏန်း အသေး (အသေ) ၇ တန်ခန့် ဖြစ်ပါတယ်။ ယခင်အပတ်ကအပို့မရှိတဲ့ ကဏန်းသေး (အသေ) ယခုအပတ်မှာအပို့ရှိခဲ့ပြီး ငါးမျိုးစုံနဲ့ငါးမှုန့် အပို့ပိုခဲ့တာ ဖြစ်ပါတယ်။ မြဝတီနယ်စပ်မှကန်ဒေါ်လာ သုညဒသမ ၁၃၀ သန်းတန်ဖိုးရှိ ငါးမျိုးစုံ တန် ၃၀ ခန့်၊ ပုစွန် ၃ တန် ကျော်နဲ့ ကဏန်း ၁၂ တန်ကျော်၊ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၆၆၆ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၉၃၂ တန်ခန့်၊ ကဏန်း ၆ တန်ကျော်၊ ကင်းမွန် ၃ တန်ကျော်နဲ့ ပဂဲ ၀ ဒသမ ၅၆ တန် အပို့ရှိခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ်ထိုင်းနယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၈၁၈ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၂၉၅၄ တန်ခန့် အပို့ရှိခဲ့တာ ဖြစ်ပါတယ်။                  MIRT(DOBT)