Main menu

Background

ယခုအပတ်နယ်စပ်မှ ပြောင်းတင်ပို့မှု လျော့

Wed, 05/30/2012 - 04:14 -- Anonymous (not verified)

    မေလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၇၃၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၉၇၇၇ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ် ကထက် ၂၇၆၉ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ထက် မူဆယ်မှ တန် ၂၀၀၀ ခန့်၊ ချင်းရွှေဟော်မှ ၂၈၆ တန်နဲ့ လွယ်ဂျယ်မှ ၄၈၆ တန်လျော့နည်း တင်ပို့ ခဲ့တာဖြစ် ပါတယ်။ ယခုအပတ်နယ်စပ်အလိုက်ပြောင်းတင်ပို့မှုတွေကတော့ မူဆယ်မှ ၇၄၃၅ တန်ကျော်၊ လွယ်ဂျယ်မှ ၄၄၂ တန်နဲ့ ချင်းရွှေဟော်မှ ၁၉၀၀ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်ကိုဒေသထွက်ပြောင်းကားအဝင်စီးရေ ၈၀ မှ ၁၀၀ ကြားသာ အဝင်ရှိပြီး ကုန်တက်နည်းနေတယ်လို့ သိရပါတယ်။ ပြောင်းအေ ဟာင်းတစ်တန်ကိုယွမ် ၂၁၀၀ ကျော်နဲ့ ပြောင်းအသစ်တစ်တန်ကို ၂၂၄၀ ကျော်ဈေးပေါက်လျက်ရှိတယ် လို့ သိရပါတယ်။ မိမိဘက်ရောတစ်ဖက်ရွှေလီ မှာပါ ပြောင်းဈေးများ အနည်းငယ် လျော့ ကျလျက်ရှိပါတယ် -            မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု         ယခင်     ပြောင်းလဲမှု    %    ယခု      ယခင်    ပြောင်းလဲမှု    %    ၂၇၃၀၄၂    ၂၇၆၈၁၈        ၃၇၇၆       ၁     ၃၃၁    ၃၃၇           ၆             ၂MIRT (DOBT)