Main menu

Background

ဂျုံဈေးနှုန်း မြင့်တက်ခြင်းကြောင့် မကြာမီပြောင်းဈေးလည်း မြင့်တက်နိုင်

Wed, 05/30/2012 - 04:16 -- Anonymous (not verified)

    ဂျုံဈေးနှုန်းမြင့်တက်ခြင်းနဲ့ တရုတ်ရဲ့ဝယ်အားတိုးလာတာကြောင့် ချီကာဂို ကုန်သွယ်ရေးအသင်း CBOT  နဲ့ အိန္ဒိယအမျိုးသားကုန်စည်ဒိုင် NCDEX  တို့မှာ ပြောင်းဈေးနှုန်း အလားအလာကောင်းနိုင်ဖွယ်ရှိကြောင်း သိရပါ တယ်။ CBOT  မှာ စက်တင်ဘာလအတွက်အရောင်းအဝယ်ဈေးနှုန်းတက်လာပြီး တစ်တန်ကို ၂၂၀ ဒေါ်လာနဲ့ NCDEX   မှာ သြဂုတ်လအတွက်ဈေးနှုန်းက သုညဒသမ ၈၁ ရာခိုင်နှုန်း မြင့်တက်ပြီးတစ်တန်ကို ၁၂၃၅၀ ရူပီး (၂၃၇ ဒေါ်လာ)ကို ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ကြက်ဘဲမွေးမြူရေး လုပ်ငန်းတွေမှာ ပြောင်းအစားထိုးအသုံးပြုနေတဲ့ ဂျုံဈေးနှုန်းမြင့်တက်မှုနဲ့ အိန္ဒိယနိုင်ငံမှာ ကြက်ဘဲမွေးမြူရေးလုပ်ငန်းတွေကနေ ဝယ်လိုအားတက်လာတာေ ကြာင့်ပြောင်းေ ဈးနှုန်းမြင့်တက်ဖွယ်ရှိကြောင်း အစီရင် ခံစာများမှာဖော်ပြထားပါတယ်။ အဓိကတင်ပို့တဲ့နိုင်ငံတွေမှာ ခြောက်သွေ့တဲ့ ရာသီ ဥတုကြောင့် ထုတ်လုပ်မှုထိခိုက်ပြီး ဂျုံဈေးတက်နေကြောင်း သိရပါတယ်။ ဒါ့အပြင် မကြာတော့မယ့် ကာလမှာ တရုတ်နိုင်ငံကလည်း ပြောင်းတိုးမြှင့် ဝယ်ယူမယ်လို့ သိရပါတယ်။ Source: Commodity online  , KZW