ထိုင်းနိုင်ငံအနေနဲ့ တိုကျိုနဲ့ ရှန်ဟိုင်းကုန်စည်ဒိုင်တွေကနေ ရော်ဘာမက်ထရစ် တန်ချိန် ၁ သောင်းခန့် ဝယ်ယူမယ်ဆိုတဲ့ စီမံကိန်းက ရော်ဘာကြိုပွိုင့်ဈေးနှုန်းတွေကို အထောက်အပံ့အနည်းငယ်ပြုစေကြောင်း ဒေသ ဆိုင်ရာမီဒီယာများရဲ့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။ နိုင်ငံပိုင်ရော်ဘာစိုက်ပျိုးရေးအဖွဲ့အစည်း REO က မိုးရွာ သွန်းမှုကြောင့် ရောင်းလိုအားထိခိုက်စေပြီး ပင်လယ်ရပ်ခြား ကုန်သွယ်ရေးစာချုပ်တွေ ပြည့်မီအောင်ဆောင်ရွက်ဖို့အတွက် ရော်ဘာတင်သွင်းပြီး ပြန်လည်တင်ပို့ခြင်း ကို ဆောင် ရွက်မယ်လု့ိ REO ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး က ပြောကြားခဲ့ပါတယ်။ ထိုင်းအစိုးရက ပို့ကုန်သမားတွေကို ကူညီတဲ့ အနေနဲ့ ပြန်လည် တင်ပို့ခွန် ကို လျှော့ချပေးဖွယ်ရှိတယ်လို့ စင်ကာပူ အခြေစိုက် ကုန်သည်များ က ပြောပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက်တင်သွင်းသူတွေကတော့ တိုကျိုနဲ့ရှန်ဟိုင်းကုန်စည်ဒိုင်တွေက ရော်ဘာ ဝယ်ယူဖို့ကြိုးစားနေကြောင်းသိရပါတယ်။ မိုးကြီးမှုကရော်ဘာ မက်ထရစ်တန်(၁) သောင်းတင်ပို့ဖို့ နှောင့်နှေးစေခဲ့ကြောင်း ကုန်သည်များ က ပြောကြားခဲ့ ပါတယ်။ ပြည်တွင်း ထုတ်လုပ်မှုကတော့ ဇွန်လနှောင်းပိုင်းမှာ တစ်လကို အထွက်နှုန်း တန် (၂၅၀၀၀၀-၃၀၀၀၀၀)အထိရှိနိုင်ကြောင်း သိရပါတယ်။ ရော်ဘာေ ဈးနှုန်းကို မြှင့်တင် ဖို့အတွက်ထိုင်းအစိုးရအဖွဲ့က ဇန်နဝါရီလမှာ ဘတ် ၁၅ ဘီလီယံ (ဒေါ်လာ ၄၇၂ သန်း) ဘတ်ဂျက်ချထားေ ပးပြီး ပြည်တွင်းစိုက်ပျိုး သူတွေထံမှ ရော်ဘာ တန် ၂ သိန်း ဝယ်ယူဖို့ သဘောတူပြီးဖြစ်ပါတယ်။ REO က ရော်ဘာအဆင့်အတန်း အမျိုးမျိုးကို ထိုင်းဗဟိုဈေးကွက်ကနေ ဝယ် ယူနေပြီး ပြည်တွင်းဈေးနှုန်းကိုမြှင့်တင်ဖို့ ကြိုး စားနေကြောင်း သတင်းရရှိပါတယ်။ Source: Platts ,K.Z.W
Background