Main menu

Background

ကမ္ဘာ့ရွှေဈေးကွက်အတွင်း စောင့်ကြည့်နေသူများလာခြင်းကြောင့် ရွှေဈေးနှုန်းကျဆင်း

Wed, 05/30/2012 - 04:44 -- Anonymous (not verified)

    တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်း နှေးကွေးလာခြင်းနဲ့ အီးယူဒေသခေါင်းဆောင်တွေအနေနဲ့ ဒေသတွင်းကြွေးမြီပြဿနာကို ထိန်းချုပ် နိုင်စွမ်းမရှိလို့ စိုးရိမ်ပူပန်မှုပိုမိုလာခြင်းတို့ကြောင့် ကန်ဒေါ်လာကိုသာ စိတ်ချရတဲ့ငွေအဖြစ် ဝယ်လိုအားများလာပြီး၊ ရွှေဝယ်လိုအား ကျဆင်းသွားရာ မေ ၂၄ ရက် ကမ္ဘာ့ရွှေဈေးနှုန်းတွေက တစ်အောင်စကို ၁၅၅၃ ဒသမ ၈၂ ဒေါ်လာအထိ တန်ဖိုးကျဆင်းလာတယ်။မေလအတွင်း ကမ္ဘာ့ရွှေဝယ်ယူမှုအများဆုံး တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုနှုန်းက ခုနစ်လမြောက်ကာလအဖြစ် ထပ်မံကျုံ့သွားဖွယ်ရှိတယ်လို့ ခန့်မှန်းလာခြင်းက ရွှေဈေးနှုန်း အပေါ် ဖိအားဖြစ်စေတယ်။ ဒါ့အပြင် အမေရိကန်စီးပွားရေး နာလန်ထူလာမှုလက္ခဏာတွေ က ကောင်းမွန်လာခြင်းကြောင့် ငွေကြေး မူဝါဒ ဖြေလျှော့ပေးဦးမှာလား/ လက်ရှိမူဝါဒအတိုင်းထားမှာလားဆိုတဲ့မေးခွန်းတွေနဲ့ သိလိုစိတ်တွေရှိနေခြင်းနဲ့ အီးယူဒေသကြွေးမြီ အကျပ်အတည်း ပြဿနာညှိနှိုင်းဖြေရှင်းနိုင်မှု မရှိသေးခြင်းတို့ကြောင့် ကမ္ဘာ့ရွှေဈေးကွက်အတွင်း စောင့်ကြည့်နေသူများလာခြင်းက ဈေးနှုန်းကျဆင်းခြင်းလာခြင်းဖြစ်တယ်။                                Source:Bloomberg.com၊ ပပ