ပြည်သူများ နိုင်ငံခြားငွေများလဲလှယ်ရာတွင် အဆင်ပြေချောမွေ့မှု ရှိစေ ရန်အတွက် ငွေလဲစင်တာများဖွင့်လှစ်ပေးထားသော်လည်း ပြည်သူအများ စုမှာ မှောင်ခိုဈေးကွက်ကို သာအားထားပြီး အရောင်းအဝယ်ပြုလုပ်နေသည်ကို တွေ့ ရသည်။ ပြင်ပဈေးကွက်တွင် မှန်ကန်မျှတစွာ လုပ်ကိုင်စားသောက်နေသူများရှိ သော်လည်း အများစုမှာ လိမ်ညာနေသူများသာဖြစ်ကြောင်း ငွေလဲသူတစ်ဦး က ဆိုသည်။"ကျွန်မ ဒီနေ့မနက်ပဲ ငွေသွားလဲတာ။ ငွေလဲစင်တာကိုလည်း မသွားချင် တော့တာနဲ့။ ဒီနားရောက်တုန်း ရောင်းမယ်ပေါ့။ အဲဒါနဲ့ ဒီနားမှာ ကျွန်မကို ဒေါ်လာရောင်းမလားအစ်မဆိုတာနဲ့ ရောင်းမယ်ဆိုပြီး ဈေးစကားပြောတယ်။ သူက ၈၃၉ ကျပ်ပေါက်တယ်အစ်မ၊ ဒါပေမယ့် ကျွန်တော် ၈၅၀ ပေးမယ်။ ကျွန်တော့်ကိုရောင်းဆိုပြီးပြောတာနဲ့ ကျွန်မလည်း ဒေါ်လာ တစ်ရာတန် ၄ ရွက်နဲ့ ငါးဆယ်တန်တစ်ရွက်ထုတ်ပေးလိုက်တာ။ ကျွန်မအမျိုးသားက ကျွန်မကို ပိုက်ဆံပို့လိုက်တာ ဒေါ်လာ ၅၀၀။ အဲဒါ ငါးဆယ်ချန်ပြီး ၄၅၀ ရောင်းတာ။ ပိုက်ဆံရှင်းမယ်လုပ်တော့ ကျွန်မရောင်းတာ ၃၅၀ ပဲရှိတယ်လို့ပြောတာ။ အဲဒါ နဲ့ကျွန်မလည်းပြောတာ မရဘူး။ သူတို့က သုံးယောက်၊ ကျွန်မက အဖေနဲ့သွား တာဆိုတော့ ဘယ်လိုမှပြောလို့မရတာနဲ့ အဲဒီအတိုင်းပဲခံလာရတာ'' ဟု မြောက် ဥက္ကလာပမှ မနီနီကပြောသည်။အဆိုပါဒေါ်လာပွဲစားများသည် ငွေလဲရန် လာရောက်သူများအား ဈေးပို ပေးမည်ဟု ဖြားယောင်းကာ ပါသည့်ငွေများအား လက်လှည့်နည်းဖြင့် ဖျောက် ကာ လိမ်လည်နေကြကြောင်းသိရသည်။ ထိုကဲ့သို့လိမ်လည်မှုများကို အများဆုံး ခံစားရသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်နေသည့်အတွက် နိုင်ငံ၏ ဂုဏ်သိက္ခာကိုထိခိုက်နိုင်စေ သဖြင့် ပြည်သူများကိုလိမ်ညာလှည့်ဖြားပြီးဒေါ်လာ အရောင်းအဝယ်ပြုလုပ်နေသူများကို အရေးယူသင့်ပြီဖြစ်ကြောင်း ပြည်သူများ က တောင်းဆိုလျက်ရှိကြသည်။ မယ်သီတာ
Background