ကုန်စည်ပို့ဆောင်ခများ ကျဆင်းနေ၍ ကားပိုင်ရှင်နဲ့ ဂိတ်ပိုင်ရှင်များ တွက်ခြေမကိုက်
ဧပြီလလယ်မှစပြီး မူဆယ် - မန်း ကုန်စည်ဒိုင်ပို့ဆောင်ခများ တစ်အိအိ ကျဆင်းလာခြင်းကြောင့် ကားပိုင်ရှင်နဲ့ ကုန်စည်ဂိတ်ပိုင်ရှင်များ တွက်ခြေမ ကိုက်လို့ စောင့်ကြည့်ပြီး လက်ခံဆောင် ရွက်လျက်ရှိကြောင်း သိရပါတယ်။မူဆယ်-မန်း ပြေးဆွဲနေတဲ့ ကားပိုင် ရှင်တစ်ဦးက ''ကုန်တင်သယ်ယူခ နှုန်း ထားက တဖြည်းဖြည်း ကျလာတော့ တစ်ခါတစ်လေ ဈေးမကိုက်ရင် မပြေး ဆွဲနိုင်ဘူး။ ကိုယ်က ရတဲ့ဈေးသာကျ လာတာ။ လမ်းပိုင်းကုန်ကျစရိတ်က မသက်သာဘူး။ ဆီဈေးကလည်း မကျ ဘူး။ ဒီကြားထဲ ကားဘီးပေါက်သွားရင် ကုန်ကျစရိတ်က ပိုလာသေးတယ်။ ဒါကြောင့် တွက်ခြေမကိုက်လို့ တချို့ ရက်တွေမှာ ကားမထွက်ဘဲ နားထား လိုက်တယ်။ မျက်နှာနာရတဲ့ တင်နေကျ ဂိတ်လောက်ဘဲ ကားထွက်ပေးတော့ တယ်"လို့ ပြောပါတယ်။ဧပြီလလယ်မှာ ကုန်တစ်ပိဿာ ၁၂၀ ကျပ်နဲ့ ၁၄၀ ကျပ်ကြားရှိခဲ့ရာမှ တဖြည်းဖြည်းကျဆင်းလာခဲ့ရာ ယခု တစ်ပတ်မှာ အတက်ကုန်ဈေး တစ် ပိဿာ ၈၀ ကျပ် - ၈၅ ကျပ်ဝန်းကျင် ရှိပြီး၊ အဆင်းကုန်ဈေးမှာ ၆၀ ကျပ် ပတ်လည်သာရှိကြောင်း သိရပါတယ်။စိန်ထိပ်တန်းကုန်စည်ပို့ဆောင်ရေး ဂိတ်ပိုင်ရှင်က "ရောင်းလိုအားနဲ့ ကုန် တင်လိုအားနည်းပြီး အတက်ကုန်ဈေး ကကျလာတာ ပုံမှန်ဆို ၁၀၀ ကျပ်ပတ် လည်ရှိမှ တွက်ခြေကိုက်တာ။ အောက် မှာလည်း ကားတွေပုံနေတယ်။ အဆင်း ကုန်တင်ခနှုန်းကတော့ ပြန်တက်လာ တယ်။ အရင်ကျပ် ၄၀ ကျော်ကျော်က နေ တစ်ပိဿာကို ၆၀ ကျပ်ပတ်လည် ရလာတယ်။ အဆင်းကုန် ထွက်အား လိုက်လာလို့ ဈေးပြန်ရလာတာ'' လို့ ပြောပါတယ်။မန္တလေးမှ မူဆယ်ကို ပြောင်းနဲ့ ဆန်တင်ပို့မှုမှာ ယခင်ရက်များကထက် သိသိသာသာ လျော့ကျလာပါတယ်။ ဆီးသီးခြောက်နဲ့ ကြက်ဆူစေ့များလည်း ယခင်နှစ်ကထက် တင်ပို့အားနည်းလာ ပြီး၊ ပဲတင်ပို့မှုလည်း နည်းလာကြောင်း သိရပါတယ်။ အဆင်းကုန်များမှာ မြေဆီ၊ သံ၊ ကျောက်မှုန့်၊ အိမ်ဆောက် ပစ္စည်းများ၊ စက်မှုသုံး ဟင်ဂလိုင်များ အဝင်များပြီး၊ လူသုံးကုန် ပစ္စည်းများ လည်းဝင်နေကြောင်းသိရပါတယ်။ဇူးဇူး
