Main menu

Background

ဇူလိုင် ၁ ရက်မှစပြီး မန္တလေးအဝေးပြေးကုန်တင်ယာဉ်ရပ်နားစခန်း ဖွင့်လှစ်မယ်

Wed, 05/30/2012 - 04:48 -- Anonymous (not verified)

    အဝေးပြေး ကုန်တင်ယာဉ် ရပ်နား စခန်းကို ဇူလိုင် ၁ ရက်မှာ ဖွင့်လှစ်မှာ ဖြစ်ရာ မန္တလေးမြို့တွင်းရှိ ကုန်တင်ဂိတ် များအား ဇွန်လကုန်ပိုင်း နောက်ဆုံး ထားပြီးပြောင်းရွေ့ဖွင့်လှစ်ရန် မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ မှ အသိပေးထားကြောင်းသိရပါတယ်။အဝေးပြေး ကုန်တင်ယာဉ်ရပ်နား စခန်းနဲ့ကုန်စည်ဒိုင်များကို ၂၀၁၀ ခုနှစ် နှစ်လယ်မှစကာ  တည်ဆောက်ခဲ့ပြီး လတ်တလောမှာ ကုန်စည်ပို့ဆောင်ရေး ဂိတ်များ သာ ပြောင်းရွှေ့ဖွင့်လှစ်ရမှာ ဖြစ်ကြောင်း သိရပါတယ်။ပြည်ကြီးမျက်ရှင် ကုန်တင်ယာဉ်ရပ် နားစခန်းမှ ကုန်စည်ပို့ဆောင်ရေး ဂိတ် မှူးတစ်ဦးက "မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီက  အစည်း အဝေးလုပ်တော့  မြို့ထဲကို ၃ တန် ယာဉ်နဲ့အထက် ကားကြီးမဝင်ရ သတ် မှတ်မယ်ပြောတယ်။  ကားကြီးမဝင်ရ တော့ဘူးဆိုရင် အားလုံးက ပြောင်းရွှေ့ ဖွင့်ရတော့မှာ။ သူတို့တိုက်ခန်း ဝယ်ရ မယ်ဆို ကျပ်သိန်း ၁၂၀၀ နဲ့ ၁၃၅၀ ကြားမှာရှိတယ်။ ဝယ်ထားတဲ့သူက ၈ ဦးဘဲရှိတယ်ပြောတယ်။ ကျန်တဲ့သူ တွေကတော့ မဝယ်နိုင်ကြဘူး။ ကျွန် တော်တို့လည်း ငှားဖွင့်ဖို့နေရာ စုံစမ်း နေပါတယ်။ ဈေးသင့်တင့်မှ ငှားလို့ရမှာ ပါ။ လောလောဆယ်တော့ ဘယ်သူမှ ဝယ်တဲ့သူ၊ ငှားတဲ့သူမရှိသေးဘူး။ စည် ပင်တိုက်ခန်းတစ်ခန်းကို ၂ ဦးစပ်၊ ၃ ဦးစပ်ဝယ်ဖို့ပြောတယ်။ ဒါလည်းမဖြစ် နိုင်ပါဘူး။  မျက်နှာဖွင့်က ၂၅ ပေ အကျယ်ကို စပ်ပြီးဖွင့်ရင် ကားထိုးရပ် တဲ့အခါ ဘယ်လိုမှ အဆင်မပြေနိုင်ပါ ဘူး''လို့ ပြောပါတယ်။ ငြိမ်းချမ်းမြေ ကုန်စည်ပို့ဆောင် ရေးဂိတ်မှူးကလည်း မြို့တွင်းကို ကား ကြီးမဝင်ရရင် ရွှေ့ရမှာပဲ။  သွားရတာ ဝေးသွားတော့ လုပ်သားတွေအတွက် နည်းနည်းအခက်အခဲရှိပေမဲ့ သီးခြား လုပ်ရကိုင်ရတာတော့   ကောင်းသွား တာပေါ့။ လောလောဆယ် ပွဲရုံတန်း တွေ ရွှေ့တဲ့ထဲ မပါသေးဘူး။ ကုန်စည် ပို့ဆောင်ရေးဂိတ်တွေပဲ ပါသေးတယ်။ ဂိတ်မှန်သမျှရွေ့ရမယ်ပြောတယ်။ တချို့ လည်း ကားကြီးကွင်းနဲ့ နီးတဲ့နေရာမှာ ပြောင်းဖွင့်ဖို့ နေရာရှာနေကြပြီ။ တချို့ လည်း စောင့်ကြည့်နေရတာပေါ့။ သူတို့ ရောင်းတဲ့တိုက်ခန်းက    သိန်း ၁၂၀၀ အထက်ဆိုတော့ ဘယ်သူမှ မဝယ်နိုင် ဘူး"လို့ ပြောပါတယ်။ အဝေးပြေး  ကုန်တင်ယာဉ်ရပ်နား စခန်းနဲ့ ကုန်စည်ဒိုင်ကို ၆၃ လမ်းနဲ့ ၆၆ လမ်းကြား၊ ထုံးဘိုဖြတ်လမ်းနဲ့ ကနောင် လမ်းကြား၊ စွယ်တော်မြတ်စေတီအနီး မှာ ဆောက်လုပ်ထားပြီး ဖြစ်ပါတယ်။ ကားဂိတ်မှာ အခန်းပေါင်း ၁၅၀ ရှိပြီး ကုန်တင်ယာဉ် ၁၁၉ စီး တစ်ပြိုင်တည်း ရပ်နားရန်နဲ့ ကုန်တင်ကုန်ချလုပ်ငန်း များ ဆောင်ရွက်နိုင်ကြောင်း သိရပါတယ်။မန္တလေးမြို့မှာ ဖွင့်လှစ်လျက်ရှိတဲ့ ကုန်တင်ဂိတ်များမှာ  ချမ်းမြရွှေပြည်၊ ပြည်ကြီးမျက်ရှင်၊ သီရိမန္တလာနဲ့ ဒေါန ဘွား   ကားကြီးကွင်းတိုက်ခန်းများနဲ့ မန္တလေးမြို့တွင်းရှိ နေရာ များမှာ ပြန့် ကျဲကာ ငှားရမ်းဖွင့်လှစ်လျက်ရှိကြောင်း၊ အသစ်ဖွင့်လှစ်မယ့်ဂိတ်မှာ ဆိုင်ခန်းခ လျှော့ပေါ့ပေးစေလိုကြောင်း ဂိတ်မှူး အချို့က ပြောပါတယ်။  ဇူးဇူး