Main menu

Background

တစ်ပတ်အတွင်း သတင်းတိုများ

Wed, 05/30/2012 - 04:52 -- Anonymous (not verified)

    မြန်မာနေရှင်နယ်လိဂ်တွင် အအောင်မြင်ဆုံးကလပ်အသင်းဖြစ်သည့် ရတနာ ပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းက မိမိတို့နိုင်ငံ၏ဘောလုံးဖွံ့ဖြိုးရေး မှာ တိုင်းပြည်၏စီးပွားရေးပေါ် တည်မီနေကြောင်း မေ ၁၉ ရက်က ပြုလုပ် ခဲ့သည့် Think Tank  အစည်းအဝေးတွင် ပြောကြားခဲ့သည်။    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာနည်းပြများဖြစ်သည့် ဦးတင်မြင့် အောင်နှင့် ဦးဇော်ဝင်းထွန်းတို့အား အဖွဲ့ချုပ်၏နည်းစနစ်ဌာနတွင် ခန့်အပ်တာ ဝန်ပေးရန်အတွက် စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ကြောင်း သိရသည်။    ရက္ခပူရအသင်းကို ၅-၃ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားအဆင့် ၆နေရာအထိကျဆင်းခဲ့ရသည့်ဇေယျာေ ရွှမြေနည်းပြချုပ် ဦးစိုးမိုးက မိမိတို့ အနေဖြင့် ချန်ပီယံလ မ်းကြောင်းတွင် ဆက်လက်ကျန်ရှိရန် မလွယ်ကူတော့ ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။    ရတနာပုံအသင်းအနေဖြင့် လာမည့်ဘောလုံးရာသီတွင် ပြည်ပအချိုရည်လုပ် ငန်းတစ်ခုမှ ဒေါ်လာ နှစ်သိန်းပံ့ပိုး ကူညီသွားမည်ဖြစ်ပြီး လာမည့်ဘောလုံး ရာသီတွင် ယင်းကုမ္ပဏီမှထုတ်ဝေသည့်အချိုရည်တံဆိပ် ကို တပ်ဆင်၍ ပြိုင်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း သိရသည်။    စင်ကာပူဖိတ်ခေါ်ဖလားပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရွှေ့ဆိုင်းခဲ့သည့် မနောမြေအသင်းနှင့်ကမ္ဘောဇအသင်းတို့၏ပွဲစဉ်ကို လာမည့် ဇွန်လ ၅ရက်နေ့ တွင်ပြန်လည်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။    MFF Women Cup နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ကချင်ပြည်နယ်အသင်းနှင့် စံမြန်မာအသင်းတို့တက်ရောက်သွားကြပြီး ၎င်းအသင်းများသည် မေလ ၂၅ ရက်နေ့တွင် ကျင်းပမည့်MFF Women Cup 2012  ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ် ပြိုင်ရမည်ဖြစ်သည်။    ပရော်ဖက်ရှင်နယ်ဘောလုံးလောကတွင် အကြောင်းအမျိုးမျိုးကြောင့် အောင် မြင်မှုများနှင့်ဝေးကွာနေခဲ့ရသည့်ကမ္ဘောဇအသင်းအတွက် အောင်မြင်မှုတစ်စုံ တစ်ရာဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း နည်းပြချုပ်ဆီဗာ ဂျီက ထုတ်ဖော်ပြောကြားခဲ့သည်။