Main menu

Background

တစ်ပတ်အတွင်း အားကစားသတင်းတိုများ

Wed, 05/30/2012 - 04:54 -- Anonymous (not verified)

     ရီးယဲမက်ဒရစ်အသင်းခေါင်းဆောင် ကာဆီးလက်စ်က မိမိတို့စပိန်အသင်းအ နေဖြင့် ၂၀၀၈ယူရိုပြိုင်ပွဲတုန်းက ဗိုလ်စွဲခဲ့သည့်ချန်ပီယံဘွဲ့ကို ကာကွယ်ရန် ခက်ခဲလိမ့်မ ည်ဖြစ်ကြောင်းပြောကြားခဲ့သည်။    ယူရို ၂၀၁၂ပြိုင်ပွဲဝင်မည့် ပေါ်တူဂီအသင်းတောင်ပံတိုက်စစ်မှူး စီရော်နယ်ဒို က လာမည့်ယူရို ၂၀၁၂ပြိုင်ပွဲတွင် စပိန်၊ ဂျာမနီနှင့်နယ်သာလန်တို့မှာ ဗိုလ်စွဲ ရန်ရေပန်းစားနေ သည့်အသင်းများဖြစ်ကြောင်းထုတ်ဖော်ပြောကြားလိုက်သည်။    လာမည့်ရာသီသစ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ခြင်းနှင့် ကွင်းသစ်ဆောက်လုပ် ခဲ့ခြင်းတို့မှ ရရှိလာမည့်အကျိုးအမြတ်များကြောင့် ၂၀၁၂-၁၃ဘောလုံးရာသီ တွင် ဂျူဗင်တပ်စ်အသင်း၏ဆုံးရှုံးမှုများကို လျှော့ချနိုင်မည်ဟု အသင်းဥက္ကဋ္ဌ အန်ဒရီယာအဂူနယ်တီက ပြောကြားသည်။    အာဆင်နယ်အသင်းမှ ကွင်းလယ်ကစားသမား ဂျက်ဝီရှိုင်းယားသည် ၎င်းင်း၏ ဒူးဒဏ်ရာအား ဆွီဒင်နိုင်ငံသို့သွားရောက်၍ ခွဲစိတ်ကုသမှုခံယူခဲ့ရာ အောင်မြင် မှုရရှိခဲ့ကြောင်း သိရသည်။    ပိုလန်အစိုးရသည် ၎င်းနိုင်ငံက အိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပမည့် ယူရို ၂၀၁၂ပြိုင်ပွဲသို့လာရောက်ကြမည့်ပရိသတ်များအား လိင်ပညာပေးသည့်အနေ ဖြင့် ကွန်ဒုံးများကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။    အီတလီအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ရာဖေးနာဒယ်နှင့် ရှာရာပိုဗာတို့ဗိုလ်စွဲခဲ့ ကြောင်းသိရသည်။ အဆိုပါပွဲတွင်ဗိုလ်စွဲခဲ့မှုကြောင့်ရာဖေးနာဒယ်သည်ပြင်သစ် အိုးပင်းပြိုင်ပွဲ တွင်လည်း ဗိုလ်စွဲရန် ရေပန်းစားလျက်ရှိကြောင်း သိရသည်။    အိုလံပစ်ရွှေတံဆိပ်ဆုရှင် အီသီယိုးပီးယားနိုင်ငံသား တာဝေးအပြေးသမား ဟေလီဂက်ဘရီဆီလက်စ်သည် ဂရိတ်မန်ချက်စတာ ၁၀ကီလိုမီတာတာဝေး ပြေးပွဲတွင် စံချိန် ၂၇မိနစ် ၃၈စက္ကန့်ဖြင့် ထိပ်ဆုံးမှပန်းဝင်ခဲ့ကြောင်း သိရသည်။    မန်စီးတီးအသင်းသည် ကွင်းလယ်ကစားသမား အိုဝင်ဟားဂရေ့ဗ်အား စာချုပ် ဖျက်သိမ်းကာ အသင်းမှ ထွက်ခွာခွင့်ပေးလိုက်ကြောင်း သိရသည်။    မန်စီတီးအသင်းသည် အသင်း၏တိုက်စစ်မှူး တီဗက်ဇ်နှင့်ဘာလော့တယ်လီ တို့အား အေစီမီလန်သို့ ရောင်းထုတ်မည်မဟုတ်ကြောင်း၊ ထွက်ပေါ်နေသည့် သတင်းများမှာ မဟုတ်မမှန်ကြောင်း ငြင်းဆိုလိုက်သည်။    ကျူပီအာကွင်းလယ်လူ ဂျိုရေးဘာတန်သည် ကွင်းတွင်းလုပ်ရပ်များကြောင့် ၁၂ပွဲပယ်ပြစ်ဒဏ်ရရှိမှုအတွက်အယူခံဝင်ခဲ့ကြောင်းသိရသည်။