တရားမဝင်လမ်းကြောင်းမှ သွားလာနေမှုများအား ဒေသအာဏာပိုင်အဖွဲ့များမှ တားဆီးဆောင် ရွက်သွားမည်ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်တင်က မေ ၁၇ ရက်က မြဝတီကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမမှာကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှုလျာထားချက်ပြည့်မီရေးအစည်းအဝေးမှာ ပြောကြားခဲ့ တာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်အစိုးရမှ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဝတီသို့ကုန်ပစ္စည်း များတရားမဝင် သယ်ဆောင်မှုများအား တားဆီးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် လမ်းညွှန်ထားတဲ့အတွက် ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း၊ မတ်လနှောင်းပိုင်းကစပြီး ရှောင်ကွင်းလမ်းမှာ တစ်နိုင်တစ်ဆွဲအမည်ခံ တရားမဝင်ပစ္စည်းသယ်ဆောင်တဲ့ ယာဉ်များအား ကုန်သွယ်ရေးဇုန်သို့စေလွှတ်ခြင်းနှင့် ပညာပေးဆွေးနွေး ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။အစည်းအဝေးတက်လည်း ထူးခြားမှုရှိမှာမဟုတ်လို့ယူဆပြီး ကုန်သည်လုပ်ငန်းရှင်များ၊ ကိုယ်စား လှယ်များ၊ မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးအသင်း (မထသ) ဝင်များအနေနဲ့လည်း မတက် ရောက်ဘဲ မနေစေလိုကြောင်း၊ အစည်းအဝေးတက်ရောက်ခြင်းဖြင့် ကုန်သည်လုပ်ငန်းရှင်များ၊ မော်တော် ယာဉ်အသင်းများအနေနဲ့ ရုံးလုပ်ငန်းဆောင်ရွက်ရာမှာ တွေ့ကြုံရတဲ့အခက်အခဲများ၊ ကုန်သွယ်မှုအတား အဆီးများ၊ လမ်းခရီးမှာကြုံတွေ့ရတဲ့ အခက်အခဲများအား ဝိုင်းဝန်းဆွေးနွေးညှိနှိုင်း ပေါင်းစပ်အဖြေ ရှာခြင်းဖြင့် အကျိုးကျေးဇူးများရရှိလာမှာဖြစ်တယ်လို့ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြား ရေးမှူး ဦးစန်းလွင်ကလည်း ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။နိုင်ငံတော်ရဲ့ ရည်မှန်းချက်တာဝန်ကို ပြည့်မီအောင်ထမ်းဆောင်နိုင်ရန် လိုအပ်ကြောင်း၊ ပို့ကုန် များသော်လည်း သွင်းကုန်တင်သွင်းမှုနည်းပါးနေသည်ကိုကြည့်လျှင် တရားမဝင်ကုန်စည်ကူးသန်းရောင်း ဝယ်မှုများရှိနေသည်ဟု တွက်ဆ၍ရနိုင်ကြောင်း၊ တရားမဝင်ကုန်စည်ကူးသန်းရောင်းဝယ်မှုကို မသိချင် ယောင်ဆောင်မှု၊ အားပေးကူညီမှု လုပ်ဆောင်နေသူများ အရေးယူခံရနိုင်ဖွယ်ရှိကြောင်း၊ OSS အဖွဲ့ကို အသိပေး၍ ပူးပေါင်းကူညီဆောင်ရွက်စေရန် ဒေသခံကုန်သည်အသင်းများ၊ ကုန်သည်များအနေနဲ့လည်း ကုန်သွယ်မှုရည်မှန်းချက်ပြည့်မီရေး ပူးပေါင်းကူညီဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း စခန်း တာဝန်ခံ ဦးစန်းလွင်က ပြောကြားခဲ့ပါတယ်။ Source: နကသ (မြဝတီ) MIRT (DOBT)
Background