Main menu

Background

မြန်မာ့စံပယ်ပန်းနှင့် သစ္စာပန်းများ စင်ကာပူနိုင်ငံသို့ သွားတော့မည်

Wed, 05/30/2012 - 04:58 -- Anonymous (not verified)

    မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များအား ပြည်ပ သို့တင်ပို့လျက်ရှိရာ ဥယျာဉ်ခြံထွက် ပန်းမန်များ ကိုလည်း တင်ပို့ခွင့်ပြုပေးထားပါသည်။ ယခင်က ဂန္ဓမာပန်းများကို စင်ကာပူနိုင်ငံသို့တင်ပို့ရောင်းချ ခဲ့ဖူးပြီးဖြစ်ပါသည်။ မြန်မာ့စိုက်ပျိုးရေးထွက်ကုန် သီးနှံပန်းမန်များကို  ဈေးကွက်ရှာဖွေ၍ တင်ပို့ ရောင်းချခဲ့ရာ လေကြောင်းမှ  စိန်တစ်လုံးသရက် သီးနှင့် ဂန္ဓမာပန်းများ တင်ပို့နိုင်ခဲ့ပြီး ယခုအခါ စံပယ်ပန်းနှင့် သစ္စာပန်းများကို ပထမဦးဆုံးဈေး ကွက်စမ်းသပ်တင်ပို့သွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။စံပယ်ပန်းနှင့် သစ္စာပန်းများကို မြန်မာနိုင်ငံ ဒေသအနှံ့တွင်  စိုက်ပျိုးထွက်ရှိနိုင်သော်လည်း သစ္စာပန်းအနေဖြင့်  ပြင်ဦးလွင်၊  အောင်ပန်း၊ ကလော စသော ရာသီဥတု အေးမြကောင်းမွန် သည့် ရှမ်းပြည်နယ်ဒေသများမှ စိုက်ပျိုးထွက်ရှိ သော ပန်းများမှာ အရည်အသွေးအမြင့်ဆုံး၊ အလှ ဆုံး၊ အကောင်းဆုံး စံချိန်မီပန်းများဖြစ်ပြီး ရောင်း ပန်းလှသော ပန်းများဖြစ်ကြောင်း သိရှိရပါသည်။ ဖြူဖွေး  မွှေးပျံ့သော  စံပယ်ပန်းများနှင့် အရောင်အသွေးစုံလှပသော  သစ္စာပန်းများကို ယခင်က သရက်သီးနှင့် ဂန္ဓမာပန်းများ စတင်ဈေး ကွက်ရှာဖွေတင်ပို့ခဲ့သော ကုမ္ပဏီမှပင် ပြည်ပသို့ တင်ပို့မည်ဖြစ်ကြောင်း သိရှိရပါသည်။ ပန်းများတင် ပို့ရန်အတွက် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲတွင်   ပို့ကုန်လိုင်စင် လျှောက်ထားခွင့်ပြု ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရှိရပါသည်။ ယခင်က ဘုရားတွင် ပူဇော်လှူဒါန်း ရန်နှင့် အလှပန်းထိုးရန် ပြည်တွင်းတွင် တစ်ပိုင် တစ်နိုင်ရောင်းချနေရာမှ ပြည်ပသို့တင်ပို့ရောင်း ချခြင်းဖြင့်  နိုင်ငံခြားဝင်ငွေ ရရှိလာတော့မည့် ပို့ကုန်အမယ်သစ် တစ်မျိုးဖြစ်လာတော့မည် ဖြစ် ပါသည်။ကျန်ရှိနေသေးသော မြန်မာ့စိုက်ပျိုးရေးထွက် ကုန်များမှပြည်ပသို့ တင်ပို့ရောင်းချနိုင်မည့် အမယ် သစ်များအား ရှာဖွေဖော်ထုတ်၍ ဈေးကွက်ရရှိ တင်ပို့နိုင်ရန် ပို့ကုန်လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားနိုင်စေရေးအတွက် သတင်းကောင်းပါးရေး သား တင်ပြအပ်ပါသည်။          သက်နိုင်ဦး