ရာသီရောက်လာတဲ့ သရက်

    သရက်ရာသီရောက်လာတဲ့အတွက် မူဆယ်ကို  သရက်ကားတွေ တက်နေ ပါတယ်။ ပြီးခဲ့တဲ့အပတ်က သရက်သီး စိန်တစ်လုံး အိတ်စွပ် ၁၅ ကီလို တစ်ဖာ တရုတ်ငွေ ယွမ် ၁၀၀ ကျော် (၁၃၁၀၀ ကျပ်ကျော်)၊ သရက်သီးစိမ်းရိုးရိုးတစ်ဖာ ၄၀၊ ၄၅ ယွမ် (၅၂၄၀ ကျပ်-၅၈၉၅ ကျပ်)၊ ဟင်္သာတစ်ဖာ အိတ်စွပ် ၉၀ ယွမ်၊ ဟင်္သာရိုးရိုး  တစ်ဖာ ၄၀ ယွမ် (၅၂၄၀ ကျပ်)၊ ရင်ကွဲတစ်ဖာ ၆၀ ယွမ် (၇၈၆၀ ကျပ်)ရတယ်လို့ သိရပါတယ်။ အရင်တစ်ပတ်က ရင်ကွဲတွေ အတက် နည်းတာကြောင့် ဈေးကောင်းရသွား တယ်လို့ သိရပါတယ်။  ဒီတစ်ပတ် ရင်ကွဲတစ်ဖာ ၂၆ ယွမ် (၃၄၀၀ ကျပ်)နဲ့ စိန်တစ်လုံး၊ ဟင်္သာအိတ်စွပ် ၉၀ ယွမ် (၁၁၇၉၀ ကျပ်)၊ ရိုးရိုး စိန်ဟင်္သာ ၅၂ ယွမ် (၆၈၁၀ ကျပ်)ပဲ ရှိပါတယ်။  ဒီတစ် ပတ် ဈေးကျတာက အရင်တစ်ပတ် ထက် သရက်ကားတွေ အတက်များနေ လို့ဖြစ်ကြောင်း သိရပါတယ်။ မန္တလေး  သစ်သီးဈေးကွက်မှာ သရက်တွေဟာ နယ်စုံဝင်နေတဲ့အတွက် စိန်တစ်လုံးရှယ် တစ်လုံး ၂၆၀ ကျပ်၊ ၃၀၀ ကျပ်၊ ရှယ်မဟုတ်တဲ့ အသီးတွေ ကတော့ ၈၀ ကျပ်၊ ၁၅၀ ကျပ်ဈေးရှိ ပါတယ်။   အရောင်းအဝယ်အနေနဲ့ အခြားသစ်သီး ဥပမာ- လိုင်ချီး(လေချူ) တွေရောင်းကောင်းရင် သရက်တွေ ဈေး ကျပြီး အရောင်းအေးတယ်။  လေချူ တွေ  အရောင်းအေးရင် ဈေးကျပြီး၊ သရက်တွေဈေးကောင်းရောင်းရတယ်။ အရောင်းအဝယ်ကတော့  စားသုံးမှု တွေပေါ် မူတည်တယ်လို့ သစ်သီးပွဲရုံ ပိုင်ရှင်တစ်ဦးထံမှ သိရပါတယ်။ အေးအေးတင့်