ကြက်မောက်သီး အဝင်လှိုင်တဲ့ မန်းသစ်သီးဈေးကွက်

    မန္တလေးမြို့ရဲ့ သစ်သီးဈေးကွက်မှာ ယခုတစ်လော အဝင်အများဆုံးအသီးကတော့ ကြက်မောက်သီးဖြစ်ပြီး၊ ထိုင်း နိုင်ငံက ဝင်ရောက်သမျှအသီး ထဲမှာ ဈေးကွက်အရဆုံးအသီးလည်းဖြစ်ပါတယ်။ စတင်ဝင်ရောက်ချိန်က ဈေးမြင့်ခဲ့ပေမဲ့ ယခု လှိုင်လှိုင်ဝင်ရောက်လာလို့ ဈေးနှုန်းကျဆင်းပြီး အဝယ်လိုက်လာကြောင်း သိရပါတယ်။ မန္တလေးမှာ ရာသီဥတုကလည်း အရမ်းပူပြင်းတဲ့အတွက်ကြောင့် အထားမခံလို့ မြန်မြန်အရောင်း အဝယ်လုပ်ကြ ကြောင်းနဲ့ အလုံး ၅၀၀ လောက်ပါတဲ့ ဖော့ပါ တစ်ဖာကို ၃၅၀၀၀ ကျပ်၊ ၂၀၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေကြောင်း သစ်သီးဈေးကွက်မှ သိရှိရပါတယ်။                                                                       ခင်မြင့်မြင့်