ဆိုးလ် တောင်ကိုရီးယားနိုင်ငံ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၂၀၁၁ခုနှစ်အတွက်ကမ္ဘာ့အကောင်း ဆုံးလေဆိပ် "Best Airport World wide ''ဆုကို အပြည်ပြည်ဆိုင်ရာ လေဆိပ် ကောင်စီက ပေးအပ် ခဲ့ ကြောင်း မေ ၂၄ ရက်က စင်ကာပူ မှာ ကျင်းပတဲ့ အခမ်းအနားမှာ ကြေ ညာခဲ့ပါတယ်။ယခုကဲ့သို့ရရှိခဲ့ခြင်းမှာ သတ္တမမြောက်အဖြစ် ဆက်တိုက် ရခဲ့တာ ဖြစ်ကြောင်း လေဆိပ်ကိုတာ ဝန်ယူ ဆောင်ရွက်သူတွေ ကမေ ၂၅ ရက်က ပြောပါတယ်။ှSource.Xinhuaကွာလာလမ်ပူ ကမ္ဘာ့စီးပွားရေး နှေးကွေး ကျဆင်းနေပေမဲ့ ပြည်တွင်းပြည်ပ ဝယ်လိုအား ခိုင်မာနေသေးခြင်းနဲ့ အာဆီယံနဲ့ ကုန်သွယ်ရေး၊ တရုတ် တို့နဲ့ ကုန်သွယ်ရေး ဆက်လက်တိုး တက်နေခြင်းတို့ကြောင့် မလေးရှား နိုင်ငံ၏ ကုန်သွယ်ဖွံ့ဖြိုးမှုအပေါ် ယုံကြည်မှုရှိခဲ့ကြောင်း၊ မလေးရှား နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှုနဲ့ စက်မှုဝန်ကြီး မွတ်စတာဖာ မိုဟာမက်က မေ ၂၄ ရက်ကပြောပါ တယ်။ မလေးရှားနိုင်ငံရဲ့ ကုန်သွယ်မှု တိုးတက်မှုက ၅ ရာခိုင်နှုန်းရှိကြောင်း အသေးစားနဲ့ အလတ်စား ပို့ကုန် လုပ်ငန်းရှင်များအတွက် ကုန်သွယ် ရေး ထောက်ပံ့မှု ဆွေးနွေးပွဲမှာ သူက ပြောပါတယ်။Source.Xinhuaလန်ဒန် ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးဖွံ့ ဖြိုးမှုက ပထမသုံးလပတ်မှာ သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း မေ ၂၄ ရက်က ထုတ်ပြန် သော တရားဝင်ကိန်းဂဏန်းများအရ သိရတဲ့အတွက် ဗြိတိန်နိုင်ငံက စီးပွား ရေးဆုတ်ကပ်အတွင်းသို့ ပထမပိုင်း က တွေးထင်ထားတာထက် ပိုမို ကျ ဆင်းခဲ့ကြောင်း အမျိုးသားစာရင်း အင်းရုံး (ONS)ရဲ့ကြေ ညာချက်မှာ ဖော်ပြထားပါတယ်။ဗြိတိန်နိုင်ငံက ၂၀၁၁ ခုနှစ် နောက်ဆုံးသုံးလ ပတ် မှာလည်း စီးပွားရေး ကျဆင်းနှုန်း သုညဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။Source.AFPဟနွိုင်း ဗီယက်နမ်နိုင်ငံရဲ့ လူမှုစီးပွား ရေးဖွံ့ဖြိုးမှုအတွက် စွမ်းအင်လိုအပ် ချက် မြင့်တက်လာတာကြောင့် စွမ်း အင် ဖူလုံမှုကို ရှေ့ရှု့တဲ့အနေနဲ့ ဗီယက်နမ်နိုင်ငံရဲ့စွမ်းအင်အရင်းအမြစ် ကို အမျိုးမျိုးဖြန့် ကျက်ထားရမှာ ဖြစ် ကြောင်းအပြည်ပြည်ဆိုင်ရာစွမ်းအင် ဖိုရမ်ကိုတက်ရောက်လာတဲ့ ကျွမ်း ကျင်သူတွေက ပြောပါတယ်။ယခု ကျင်းပတဲ့ ဖိုရမ်ကို ဗီယက်နမ် စွမ်း အင်အသင်းနဲ့ဗီယက်နမ် ကုန်သွယ် ကြီးများအသင်းတို့က ပူးပေါင်းပြီး ကျင်းပ ပေးခဲ့တာဖြစ်ပါတယ်။Source.VNS
Background